(၆) လ ကုန်သွားပြီ ဘာတွေထူးလဲ?
အလုပ်တွေသာ တရစပ်လုပ်နေတယ် ဘယ်နားရောက်လို့ ရောက်နေမှန်း မသိတော့ဘူးဖြစ်နေလား?
ကျန်တဲ့ နှစ်ဝက်မှာ လမ်းမပျောက်စေဖို့ ‘Mid-Year Professional Audit’ အမြန်လုပ်လိုက်ပါ”
၂၀၂၆ ခုနှစ်ရဲ့ ( ၆လ ) တာကာလကို ကုန်ဆုံးလို့ နှစ်တစ်ဝက် (Mid-Year) သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက ချမှတ်ခဲ့တဲ့ မိမိရဲ့ လုပ်ငန်းရည်မှန်းချက်တွေ၊ Project Goals တွေဟာ အခုအချိန်မှာ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ (Professional Audit) လုပ်ဖို့ အလွန်အရေးကြီးတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
အလုပ်တွေ ဇောက်ချလုပ်နေရင်းနဲ့ လမ်းပျောက်မသွားစေဖို့နဲ့ မိမိရဲ့ အရည်အချင်းကို အကောင်းဆုံးဖြစ်အောင် ပြန်လည်မွမ်းမံနိုင်ဖို့ Mid-Year Professional Audit ပြုလုပ်ရမည့် အဓိက အဆင့် (၄) ဆင့် ကို မျှဝေပေးလိုက်ပါတယ်
🎯 Goal vs. Reality:
နှစ်စက ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေထဲက ဘာတွေအောင်မြင်ခဲ့ပြီလဲ၊ ဘာတွေလိုအပ်နေသေးလဲဆိုတာ တိကျစွာ စာရင်းပြုစုပါ။
🛠️ Skillset Gap:
လက်ရှိ ခေတ်ရေစီးကြောင်းအရ မိမိလုပ်ငန်းခွင်မှာ ပိုမိုလိုအပ်လာမည့် Hard Skills နှင့် Soft Skills များကို ဖြည့်ဆည်းရန် ပြင်ဆင်ပါ။
🤝 Relationships:
လုပ်ဖော်ကိုင်ဖက်များ၊ မန်နေဂျာများနှင့် ပူးပေါင်းဆောင်ရွက်မှု (Collaboration) အပိုင်းမှာ ဘာတွေ ပိုကောင်းအောင် လုပ်နိုင်မလဲ သုံးသပ်ပါ။
🔋 Burnout Check :
အလုပ်တွေ ကြိုးစားနေရင်း စိတ်ပင်ပန်းနွမ်းနယ်မှု ရှိ၊ မရှိ စစ်ဆေးပြီး ကျန်တဲ့နှစ်ဝက်အတွက် စွမ်းအင်ပြန်ဖြည့်တင်း (Reset) လုပ်ပါ။
Professional Audit ပြုလုပ်ခြင်းဆိုတာ မိမိကိုယ်မိမိ အပြစ်တင်ဖို့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၆) လ က အမှားတွေကို သင်ခန်းစာယူပြီး လာမည့်(၆) လမှာ ပိုမိုထက်မြက်၊ စနစ်ကျပြီး အောင်မြင်တဲ့ ဗားရှင်းသစ်တစ်ခုအဖြစ် ရှေ့ဆက်လှမ်းနိုင်ဖို့ လမ်းညွှန်မှုအသစ် ပြန်လည်ဆွဲသားခြင်းပဲ ဖြစ်ပါတယ်။
“မိမိကိုယ်မိမိ အချိန်မှန် ပြန်လည်ဆန်းစစ်ခြင်းသည် အမှားများကို လျော့နည်းစေပြီး မှန်ကန်သော အောင်မြင်မှုပန်းတိုင်ဆီသို့ အမြန်ဆုံး အရောက်လှမ်းနိုင်မည့် သော့ချက်ဖြစ်ပါတယ်။”
www.ammonglobal.com
#Ammon_Consulting #Review_Mid_Year_2026 #Professional_Audit



