What is Remote Job? How to apply remote job?

နိုင်ငံရပ်ခြားမှ ခေါ်ယူနေသော Remote Job အလုပ်များကို ဘယ်လို လျှောက်ကြမလဲ ❓
 
လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်မှာပဲ COVID ကပ်ရောဂါ အခြေ အနေကြောင့် ကမ္ဘာတစ်ဝှမ်းမှ company ကြီး အများစုဟာ Remote Work သို့မဟုတ် Working From Home လုပ်ငန်းခွင် အမျိူးအစားများ အနေဖြင့် လုပ်ကိုင်စေခဲ့ပါသည်။
 
ယခုအခါတွင် နိုင်ငံရပ်ခြားမှ ကုမ္ပဏီကြီးများဟာ လုပ်ငန်းပိုင်ဆိုင်ရာ အရည်အချင်း ကျွမ်းကျင်ပြည့်၀သော သူများအား နိုင်ငံတကာ လစာ နှုန်းထားအတိုင်း နိုင်ငံအနှံအပြားမှ ခေါ်ယူလျက်ရှိပါတယ်။
 
နိုင်ငံရပ်ခြားမှ Remote Work များမှာ ဘယ်လို အလုပ်တွေ ခေါ်လေ့ရှိလဲ ❓
 
ရုံးတွင်း လုပ်ကိုင် စရာမလိုတဲ့ အလုပ်များဖြစ်သည့် အလုပ်အမျိူးအစားများဖြစ်သည့်
🎯 Data Entry
🎯 Information Technology Field
🎯 Customer Service
🎯 Content Writing
🎯 Digital Communication & Marketing
🎯 Recruitment အစရှိသည့် နယ်ပယ်မှ လူများအား အများဆုံး ခေါ်ယူလျက်ရှိပါသည်။
 
Remote Job လုပ်ဖို့ ဘယ်လို skills တွေ ရှိရမလဲ ❓
 
✅ English Skills
English skills ကတော့ နိုင်ငံရပ်ခြားမှ လုပ်ဖော်ကိုင်ဖက် ၊ Upper Management level များနှင့် ပြောဆို ဆက်ဆံရမှာ ဖြစ်တဲ့ အတွက် Communication Level (သို့မဟုတ်) Fluent Level အထိ ရှိနေဖို့လိုအပ်ပါတယ်။
 
✅ IT Skills
မိမိ ကိုယ်တိုင် ပြည်တွင်း မှာပဲ လုပ်ကိုင်ရတဲ့အတွက် Software Installation စသည့် အခြေခံ IT Skills ကို ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။
 
နောက်ပြီး Online မှ တစ်ဆင့် လုပ်ရတဲ့ အလုပ်တွေ ဖြစ်တဲ့အတွက် ဖုန်း ၊ ကွန်ပြူတာများမှာ Internet အမြဲ ရရှိနေဖို့ လိုအပ်ပါတယ်။
 
Remote Work အလုပ် လုပ်တာက ဘယ်လို အကျိူးကျေးဇူးတွေ ရရှိနိုင်မလဲ ❓
 
 
✅ Flexible Working Environment
Internet connection ရရှိနေသ၍ သင့် အိမ်တွင် ဖြစ်စေ ၊ ထိုင်လို့ကောင်းသည့် Cafe Shop ဖြစ်စေ ပြည်တွင်း မဟုတ်ဘဲ အခြား တစ်နိုင်ငံ ကနေတောင် လှမ်းပြီး အလုပ် လုပ်ကိုင်နိုင်ပါတယ်။
 
✅ Productivity
ရုံးသွားစရာမလိုအပ်တဲ့အတွက် နှောင့်နှေးကျန့်ကြာ ခြင်း အနှောက်အယှက် မရှိဘဲ နေ့စဉ် daily task များအား အောင်မြင်စွာ ပြီးဆုံးစေနိုင်မှာ ဖြစ်ပါတယ်။
 
✅ Knowledge Development
နိုင်ငံ ရပ်ခြားမှ လုပ်ဖော်ကိုင်ဖက် များနှင့် ပြောဆို ဆက်ဆံရတဲ့အတွက် ဗဟုသုတ များစွာရရှိစေပြီး အမြင်ကျယ် စေမှာဖြစ်ပါတယ်။
 
✅ International Salary Pay Skills
လစာအား နိုင်ငံတကာ ဈေးကွက် အတိုင်း ခေါ်ယူမှာ ဖြစ်တဲ့ အတွက် ပြည်တွင်းမှာ ရရှိနေတဲ့ လစာထက်တော့ အဆပေါင်းများစွာ ရရှိနိုင်မှာပါ။
 
လစာကို ဘယ်လို ထုတ်ရမလဲ ❓
 
လစာအား ပြည်တွင်းတွင် အသုံးပြုနိုင်သည့် နိုင်ငံတကာ ငွေလွှဲ ၀န်ဆောင်မှု့တွေဖြစ်တဲ့ Western Union , RIA & Money Gram အစရှိသည့် ငွေလွှဲ ၀န်ဆောင်မှု့များအား အသုံးပြု၍ လစာ များအား လက်ခံ နိုင်ပါတယ်။
 
နိုင်ငံတကာ ဘဏ်များ နှင့် ချိတ်ဆက်ထားသော ပြည်တွင်း ဘဏ်များ ၊ ပြည်ပ မှ လာရောက် ဖွင့်ထားသော နိုင်ငံတကာ ဘဏ်များ အသုံးပြု၍လည်း လစာများအား လက်ခံ နိုင်ပါသေးတယ်။
 
Ammon မှ ခေါ်ယူနေသော Remote Job များလျှောက်ထားမယ်ဆိုရင်တော့ လကုန်တိုင်း ပြည်တွင်း bank account များထံသို့ အချိန်မီ ဖြည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
 
Remote Job တွေ ကို ဘယ်လို ရှာရမလဲ ❓
 
Asian , Europe နှင့် America မှ Remote Work အများစုအား
 
🎯 https://www.indeed.com
 
🎯 https://www.flexjobs.com/
 
🎯 https://weworkremotely.com/
 
တို့မှာ ရှာဖွေနိုင်ပါသည်။
 
📌 မိမိ လုပ်ကိုင်လိုသည့် Position Title Name နှင့် Remote Job တွဲ ၍ လည်း Google မှာ ရှာဖွေနိုင်ပါသေးတယ်။
 
ဥပမာ – Recruiter Remote Job
 
📣 Ammon Consulting Myanmar မှ ယခုအခါတွင် ပြည်တွင်း အလုပ်အကိုင်များသာမက နိုင်ငံခြား ကုမ္ပဏီကြီးများမှ Remote Job များအား ခေါ်ယူလျက်ရှိပါသည်။
 
📣 မကြာမီ အချိန်အတွင်းမှာ နယ်ပယ်အစုံမှ Remote Jobs ( WFH Jobs) Position များအား ခေါ်ယူသွားမှာ ဖြစ်သည့်အတွက် အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် Telegram , LinkedIn , Facebook Page & Group များအား Follow/Join ပြုလုပ်ထားနိုင်ပါသည်။
 
🎯 Telegram >> https://t.me/ammonjobs
🎯 LinkedIn >> https://bit.ly/AmmonLinkedIn
🎯 Facebook >> www.facebook.com/ammonconsulting
 
🎯 Myanmar International Jobs Group >> https://bit.ly/MyanmarInternationalJobs
 
🎯 Jobs Portal >> https://www.ammonglobal.com/career/
 
 
လူကြီးမင်းတို့ ကုမ္ပဏီ မှ HR ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်လာပါက Ammon မှ ကူညီဆောင်ရွက်ပေးပါရစေ 👩‍💼
 
Let Us Take Care Of Your HR 👩‍💼
 
For HRM Service, Payroll Outsourcing, Contract Staffing & HR Training Service : +959 258289804 ,+959 778841819
For Talent Search Service : +959 401520365
 
Find more about our services : www.ammonglobal.com
 
Send message via your Messenger App
Scroll to Top
Scroll to Top