What can you learn from Interview

ဖြေခဲ့ဘူးသည့် Interview ကနေ ဘာတွေလေ့လာမိခဲ့လဲ ❓

Interview ဖြေပေမယ့်လည်း အလုပ်မရတာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။

ယခုလို ခက်ခဲနေသော အချိန်နှင့် Demand/Supply မမျှတသော အချိန်မျိူးမှာဆိုရင် ပိုပြီးတော့တောင် အလုပ်ရှာရ ခက်လာပါတယ်။

ဒါပေမယ့်လည်း အလုပ်မရလို့ဆိုပြီး အားမလျော့သင့်ပါဘူး။ ကိုယ်နဲ့ ကိုယ်ညီတဲ့ အကောင်းဆုံးအလုပ်တစ်ခု စောင့်နေတယ်လို့ပဲ အကောင်းဘက်က တွေးကြည့်ပါ။

မင်မင်တို့ ဒီနေ့ကတော့ ၀င်ခဲ့ဘူးတဲ့ Interview ကနေ ဘာတွေ အတုယူလေ့လာသင့်လည်း ❓

ဘာတွေ ပိုကောင်းအောင်ပြင်ဆင်သင့်သလဲ ဆိုတဲ့ အချက်တွေ ဝေမျှပေးချင်ပါတယ် 👇

🎯 Research ကြိုတင်ပြင်ဆင်ခဲ့ရဲ့လား ❓

Interview မတိုင်ခင်
👉 အလုပ်ခေါ်စာမှ ဘာတွေလုပ်ရမလဲဆိုတဲ့ Job Responsibility , Job Requirement တွေကို အသေးစိတ်ဖတ်ထားဖို့လိုပါမယ်။

👉 Company ဘက်မှ ဘယ်လို Service/Product တွေပေးနေလဲ သိရအောင် website ကိုလည်း ဖတ်ထားကြည့်သင့်ပါတယ်။ အထူးသဖြင့် About Page , Company Social media Page တွေကို ကို ဝင်ဖတ်ကြည့်ပါ။

👉 ဖြစ်နိုင်မည်ဆိုပါက LinkedIn ကိုအသုံးပြု၍ Company မှ Manager/Senior များနှင့် စကားကြိုတင်ပြောကြည့်ထားပါ။ Company အကြောင်း မေးကြည့်ပါ။

🎯 Professional ပီသအောင်နေခဲ့ရဲ့လား ❓

Professional ပီသအောင်နေခဲ့ရဲ့လားဆိုတာကတော့

👉 အ၀တ်အစား – Interview ဖြေတာဖြစ်တဲ့အတွက် အတို အပြတ် ၊ အပြဲ တွေ မ၀တ်ဆင်သွားသင့်ပါဘူး။ Formal ပုံစံဖြင့်သာ ၀တ်ဆင်ပါ။

အကယ်၍ Online မှသာ လုပ်ရမည့် Interview မည်ဆိုပါက ရှင်းလင်းသော နောက်ခံ ၊ တိတ်ဆိတ်သောအခန်းများတွင် ပြင်ဆင်ထားသင့်ပါတယ်။

👉 အပြောအဆို – စကားအပြောအဆို စကားလုံးရွေးချယ်မှု့တွေ ၊ မေးလိုက်တဲ့ မေးခွန်းအပေါ် ပညာတတ်ဆန်စွာ ဖြေကြားတဲ့ပုံစံတွေဟာ Interviewer တွေအပေါ် impression ကောင်းစေပါတယ်။

👉 Listening Skills ကောင်းပါစေ
လုပ်ငန်းရှင်ဘက်က အလုပ်အကြောင်း ရှင်းပြနေတဲ့အချိန်မှာ စကားဖြတ်မပြောပါနဲ့။ ရှင်းပြနေတဲ့အချိန်မှာ လည်း Eye Contact ရှိပြီး စိတ်၀င်စားတဲ့ အမှုအရာ ပြသပေးပါ။

🎯 Follow Up – ဘယ်လိုဆက်သွယ်သင့်လဲ ❓
Interview တစ်နေ့တည်းလုပ်တဲ့နေမှာတော့ Interview Result ကိုတန်းမေးတာက မယဉ်ကျေးရာကျပါတယ်။

ဘယ်လိုလုပ်ရမလဲ ဆိုတာ မင်မင်တို့ အကြံ ပေးလိုက်မယ်နော် 🤯

👉 Interview ဖြေပြီးတဲ့နေ့မှာ လုပ်ငန်းရှင်/HR Manager သို့ အချိန်ပေးပြီး Interview Arrange လုပ်ပေးသည့်အတွက် နှင့် ယခု Position ‌အပေါ် ဘယ်လောကထိ စိတ်အားထက်သန်မှု့ရှိကြောင်း Thank You Letter လေးရေးပေးပါ။

👉 အနည်းဆုံး ၁ပတ်လောက် ကြာသွားပြီဆိုမှ Interview Result အား ဖုန်း/email တို့ဖြင့် follow up ပြုလုပ်ပါ။

🎁 Thank You Letter ရေးနည်း >>
https://m.facebook.com/story.php?story_fbid=1194088897438147&id=281900525323660

⚠️ သတိကြီးကြီးထားပြီး ဖြေရမည့် မေးခွန်းများ

လုပ်ငန်းရှင်တွေကတော့ ယခုလိုမေးခွန်းများ မေးလာပြီဆိုပါက ပြီးစလွယ် မဖြေမိစေဖို့ သတိထားပါ

🎯 ယခင်အလုပ်က ဘာကြောင့် ထွက်တာလဲ ❓

ယခင်အလုပ်က ဘယ်လိုပဲ အဆင်မပြေလို့ပဲ ဖြစ်စေ ယခု interview မှာ ယခင်လုပ်ငန်းရှင် ၊ Senior/Manager/လုပ်ဖော်ကိုင်ဖက်များကြောင့် အဆင်မပြေဖြစ်ခဲ့တာကို လုံး၀ ထုတ်ဖော်မပြောမိပါစေနဲ့

🎯 သင့်ရဲ့ အားနည်းချက်က ဘာလဲ ❓

အားသာချက်ဆိုတာက ဖြေဖို့လွယ်သလောက်
အားနည်းချက်ဆိုတာကတော့ ဖြေဖို့ခက်ပါတယ်။

အားနည်းချက်ကို အားသားချက်ဖြစ်အောင် စဉ်းစားပြီးမှ ပြောသင့်ပါတယ်။

ဥပမာ ” ကျွန်တော်ကတော့ Multitask မဟုတ်ဘဲ Project တစ်ခုကို ပဲ အာရုံစိုက်နိုင်ပါတယ်။ ဒီလိုအာရုံစူးစိုက်မှု့ကြောင့် Project တိုင်းဟာ အကောင်းဆုံး ရလဒ်တွေနဲ့ အောင်မြင်စွာပြီးဆုံး ခဲ့ပါတယ်” ဆိုတဲ့ အပြောချိုချိုလေးတွေ ပြောတတ်ဖို့လိုပါမယ်။

Candidates များအားလုံးလည်း အလုပ်လျှောက်ထားရာတွင် အားမလျော့ပဲ အမြန်ဆုံး အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိပါစေဟု မင်မင်တို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

📣 Ammon မှ လက်ရှိတွင် ပြည်တွင်း ပြည်ပမှ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ခေါ်ယူလျက်ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းများအား အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် Telegram , LinkedIn , Facebook Page & Group များအား Follow/Join ပြုလုပ်ထားနိုင်ပါတယ်ရှင့်

🎯 Telegram >> https://t.me/ammonjobs

🎯 LinkedIn >> https://bit.ly/AmmonLinkedIn

🎯 Facebook >> www.facebook.com/ammonconsulting

🎯 Instagram >>www.instagram.com/ammonconsulting/

🎯 Myanmar International Jobs Group >> https://bit.ly/MyanmarInternationalJobs

Send message via your Messenger App
Scroll to Top
Scroll to Top