The Monsoon Hybrid Advantages

☔မိုးရာသီကာလ လုပ်ငန်းခွင်လည်ပတ်မှုအတွက် ထည့်သွင်းစဉ်းစားနိုင်မယ့် Hybrid Work အလေ့အကျင့်💼

မိုးရာသီရောက်လာတဲ့အခါ ရေကြီးတာ၊ ကားပိတ်တာ စတဲ့ လမ်းခရီးအခက်အခဲတွေကြောင့် ဝန်ထမ်းတွေရဲ့ နေ့စဉ်ရုံးတက်ရတဲ့ အခြေအနေဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုပ်ငန်းစွမ်းဆောင်ရည် (Productivity) ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ဖို့က အရေးကြီးပါတယ်။

ဒါကြောင့် လုပ်ငန်းသဘာဝအရ အဆင်ပြေနိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ မိုးတွင်းကာလမှာ Flexibility ရှိတဲ့ Hybrid Work System (အချို့ရက် ရုံးတက်၊ အချို့ရက် အိမ်ကလုပ်) ကို အခြေအနေပေါ်မူတည်ပြီး ညှိနှိုင်းကျင့်သုံးကြည့်ခြင်းအားဖြင့် ရရှိနိုင်မယ့် အားသာချက် (၃) ချက်ကို ဝေမျှပေးချင်ပါတယ်။

၁။ လုပ်ငန်းစွမ်းဆောင်ရည် ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ခြင်း (Sustaining Productivity)

အွန်လိုင်းကနေ လုပ်ဆောင်လို့ရတဲ့ ရာထူးတာဝန်တွေအတွက် မိုးသည်းထန်တဲ့ရက်မျိုးမှာ Work from Home အစီအစဉ်လေး စီစဉ်ပေးတာဟာ လမ်းခရီးမှာ အချိန်ကုန်၊ လူပင်ပန်းမယ့်အစား အလုပ်ကို ပိုပြီး အာရုံစိုက်လုပ်ကိုင်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

၂။ ဝန်ထမ်းများရဲ့ သက်သာချောင်ချိရေးကို ဂရုစိုက်ခြင်း (Employee Well-being)

ရာသီဥတု အလွန်ဆိုးရွားနေချိန်မှာ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးကို ထည့်သွင်းစဉ်းစားပေးတဲ့ အစီအစဉ်တွေက ဝန်ထမ်းနဲ့ ကုမ္ပဏီကြား ယုံကြည်မှုနဲ့ လုပ်ငန်းခွင်အပေါ် သံယောဇဉ် (Retention) ကို ပိုမိုခိုင်မာလာစေပါတယ်။

၃။ အချိန်နှင့် လုပ်ငန်းလည်ပတ်မှု ပိုမိုချောမွေ့စေခြင်း (Time & Operational Efficiency)

ရာသီဥတုကြောင့် လူမစုံနိုင်တဲ့ရက်တွေမှာ အစည်းအဝေးတွေကို အွန်လိုင်းကတစ်ဆင့် အချိန်တိကျစွာ (Punctuality) ပြုလုပ်နိုင်သလို၊ ရုံးတွင်း လုပ်ငန်းလည်ပတ်မှု တချို့ကိုလည်း နည်းပညာအကူအညီနဲ့ ချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်လို့ အချိန်ကုန် သက်သာစေပါတယ်။

သေချာတာတစ်ခုကတော့ Hybrid Work ဆိုတာ လုပ်ငန်းတိုင်း၊ ရာထူးတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်း အဆင်မပြေနိုင်ပေမယ့်၊ မိမိလုပ်ငန်းရဲ့ သဘာဝ (Business Nature) နဲ့ ကိုက်ညီမှုရှိမယ်ဆိုရင်တော့ လုပ်ငန်းတွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ဖို့ (Business Continuity) အထောက်အကူပြုတဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါတယ်။

“ခေတ်ကာလနဲ့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး မိမိလုပ်ငန်းနဲ့ အသင့်တော်ဆုံးဖြစ်မယ့် အလုပ်လုပ်ပုံစနစ်တွေကို လိုက်လျောညီထွေစွာ ပြင်ဆင်ခြင်းက အခက်အခဲတွေကို အကောင်းဆုံး ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။”

#AmmonConsulting #HRSolutions #PayrollOutsourcing #TalentSearch #ContractStaffing #BPOService #HRConsulting #BusinessGrowth #MyanmarBusiness #HRPartner

Scroll to Top