Talent Acquisition VS Recruitment

HR နယ်ပယ်မှာ အသုံးများကြတဲ့ Talent Acquisition နဲ့ Recruitment ကြား ဘယ်လိုကွားခြားမှုတွေရှိမလဲတိုတာကို ပြောပြပေးချင်ပါတယ်။

Talent Acquisition ဆိုတာကတော့ ➖

✅HR များက Organization ရဲ့ ရေရှည် ဝန်ထမ်းလိုအပ်ချက်များအတွက် ထိပ်တန်းအရည်အချင်းများရှိတဲ့ Candidate များကို ဆွဲဆောင်ခြင်း စုဆောင်းခြင်း၊ ခန့်အပ်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို အဓိကထားလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။

✅ Recruitment လိုမျိုး သမားရိုးကျဖြစ်တဲ့ Hiring process မဟုတ်ဘဲ HR များက မိမိ Company Branding ကို မြှင့်တင်ပေးခြင်း သာမက လုပ်ငန်းအတွက် အလားအလာရှိတဲ့ Candidate များနဲ့ ဆက်ဆံရေးများ တည်ဆောက်ပြီး လိုအပ်တဲ့အခါ Position အလိုက် သင့်တော်မှန်ကန် အရည်အချင်း ရှိတဲ့ ဝန်ထမ်းများကို ရေရှည်ဖြစ်အောင်ထားရှိခြင်းဖြင့် ကုမ္ပဏီကို တိုးတက်အောင်မြင်စေရန် ကူညီပေးခြင်းဖြစ်ပါတယ်။

✅Talent Acquisition Process ကိုတော့ Top Talent များကို ခန့်အပ်တဲ့အခါ လုပ်ဆောင်ကြပါတယ်။

✅ Company ရဲ့ Vision ကိုလိုက်ပြီး JD များ‌ရေးဆွဲကာ Recruitment Step များကို စနစ်တကျချမှတ်ပါတယ်။ Workforce Planning ပြုလုပ်ခြင်း၊ Talent
Pool များထားရှိခြင်းနှင့် အကောင်းဆုံး Talent များကို ရှာဖွေတွေ့ရှိနိုင်ဖို့ အတွက် ခေတ်ရေစီးကြောင်းနဲ့ အလိုက် Market Research များပြုလုပ်ကြပါတယ်။

Recruitment ဆိုတာကတော့➖

✅Talent Acquisition ရဲ့ လုပ်ဆောင်မှုများထဲမှ တစ်ပိုင်းဖြစ်ပါတယ်။ ဒီလိုမျိုး သာမာန် Hiring process တွေမှာတော့ လစ်လပ်နေတဲ့ position များကို အမြန်ဆုံးဖြည့်ဖို့ အတွက် လူများကို ရှာဖွေ ခေါ်ယူခြင်းဖြစ်ပါတယ်။

✅ Entry Level များ (သို့) တစ်ချိန်တည်းမှာပဲ ဝန်ထမ်းအများအပြားခန့်အပ်နိုင်ဖို့အတွက် လုပ်ဆောင်ကြပါတယ်။ Job advertisement လုပ်ခြင်း၊ CV sourcing လုပ်ခြင်း၊ Screening လုပ်ခြင်း၊ ရွေးချယ်ခြင်း၊ ခန့်အပ်ခြင်းနှင့် Onboarding process များပါဝင်ပါတယ်။

✅ Recruitment ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လစ်လပ်နေသော ရာထူးနေရာမှာ သင့်တော်တဲ့ Candidate ကိုရွေးချယ်ပြီး တတ်နိုင်သမျှအမြန်ဆုံး ခန့်အပ်ခြင်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် organization တွေအနေနဲ့လည်း ယခုဖော်ပြပေးသွားတဲ့ Process နှစ်ခုလုံးကို နားလည်ပြီး အသုံးချခြင်းဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရုံသာမက အနာဂါတ်မှာလည်း ဝန်ထမ်းလိုအပ်ချက်များကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်

#Ammon #TalentAcquisition #recruitment

Send message via your Messenger App
Scroll to Top