အလုပ်မှာ burnout ဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ?

အလုပ်မှာ burnoutဖြစ်နေလားမဖြစ်နေလားဘယ်လိုသိနိုင်မလဲ ❓

Burnoutဖြစ်တယ်ဆိုတဲ့ခံစားချက်က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ စိတ်ရောလူရောချုံးချုံးကျတယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်ပါတယ်။

အဲ့လိုဘဲ burnout ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေအမျိုးမျိုးရှိသလို လုပ်ငန်းခွင်အတွင်းမှာ burnoutဖြစ်ခြင်းကယေဘုယျအားဖြင့်အများဆုံးဖြစ်လေ့ရှိတဲ့အရာဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးလေးမှာ အလုပ်မှာburnout ဖြစ်နေလား မဖြစ်နေလားဘယ်လိုဆန်းစစ်လို့ရမလဲ ၊ ဘာတွေလုပ်ပြီးဖြေရှင်းရမလဲဆိုတဲ့ tipsလေးတွေကို sharingလုပ်ပေးချင်ပါတယ် ရှင့် 😍

Job burnout ဆိုတာဘယ်လိုမျိုးလဲ ❓
Job burnoutဆိုတာကတော့ အလုပ်နှင့်ပတ်သက်တဲ့ ဖိစီးမှု အထူးအမျိုးအစားတစ်ခုဖြစ်သည် အဲ့ဒီဖိစီးးမှုထဲမှာရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု့ အခြေအနေတွေပါဝင်ပါတယ်။

Burnoutဖြစ်ခြင်းဆိုတာက ဆေးကုသမှုကို ခံယူဖို့လိုအပ်တဲ့ အခြေအနေမျိုးတော့မဟုတ်ပါဘူး။

ဒါပေမဲ့ဒီburnoutကကြာရှည်စွာဖြစ်ခြင်း ၊ စိတ်ကျရောဂါခံစားလာရခြင်း စသည့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှုရှိလာပြီဆိုရင်တော့ ကျွမ်းကျင်တဲ့သူများထံမှ အကူအညီရယူနိုင်ပါတယ်။

Job burnout symptoms တွေကတော့-
မိမိကိုယ်ကိုအောက်ကမေးခွန်းလေးတွေမေးကြည့်ပြီးသိနိုင်ပါတယ်။

❓လုပ်ဖော်ကိုင်ဖက်များ၊ clientတွေနဲ့ပတ်သက်လို့ စိတ်တိုခြင်း သို့မဟုတ် စိတ်မရှည်ခြင်း အမြဲတမ်းလိုလိုဖြစ်နေပါသလား။
❓အလုပ်လုပ်ဖို့အတွက်အားမရှိဘူးလို့ခံစားနေရပြီလား။
❓အာရုံစူးစိုက်ရခက်နေသလား။
❓ကိုယ့်ရဲ့အောင်မြင်မှုတွေအပေါ် စိတ်ကျေနပ်မှု ကင်းမဲ့နေလား။

ဒီမေးခွန်းလေးတွေမေးကြည့်ပြီးတစ်ခုခုမှာကိုယ်အဲ့လိုခံစားနေရပြီဆိုရင်တော့ ကိုယ်ဟာ job burnoutဆိုတဲ့ခံစားချက်မျိုး ခံစားရကောင်းခံစားနေရပြီဆိုတာဖြစ်နိုင်ပါတယ်။

သို့သော် ယခုလို ခံစားချက်တွေရှိလို့ ကိုယ့်ကိုယ်ကိုတော့ ဒါမျိုးဖြစ်နေပြီဆိုပြီး ခေါင်းစဉ် မတပ်စေချင်ပါဘူး။ ကျွမ်းကျင်သူတွေနဲ့ဆွေးနွေးတိုင်ပင်စေလိုပါတယ်။

Job burnoutဖြစ်နိုင်ခြေရှိတဲ့အရာတွေကတော့-
1️⃣Lack of control (controlလုပ်နိုင်ခြင်းမရှိခြင်း) – ကိုယ့်ရဲ့အလုပ်တွေ၊schedule တွေ meetingတွေက်ုကောင်းစွာcontrolမလုပ်နိုင်တာကြောင့်ပင်ပန်းနွမ်းနယ်ခြင်းကိုခံစားရခြင်း
2️⃣အလုပ်ကနေရတဲ့stressကိုကောင်းစွာhandleမလုပ်နိုင်ခြင်း
3️⃣Lack of social support- အကယ်လို့ကိုယ့်အနေနဲ့အလုပ်မှာ isolateတစ်ယောက်တည်းဖြစ်နေတဲ့အခါ စိတ်ဖိစီးမှုတွေပိုခံစားလာရခြင်း
4️⃣Work life imbalance- အလုပ်နဲ့ကိုယ်ပိုင်ဘဝကြားမှာ ညီတူမျှတူမဖြစ်ခြင်း၊ အလုပ်ချိန်များနေပြီး ကိုယ့်အတွက်ကိုအချိန်မပေးနိုင်ခြင်း စတဲ့အရာတွေဖြစ်ပါတယ်။

Job burnout ရဲ့ဖြစ်နိုင်တဲ့အကျိုးဆက်တွေကတော့-
၁။စိတ်ဖိစီးမှုကိုအလွန်အမင်းခံစားရခြင်း
၂။ပင်ပန်းနွမ်းနယ်ခြင်း
၃။ညအိပ်မပျော်ခြင်း
၄။ဝမ်းနည်းခြင်း၊ဒေါသဖြစ်ခြင်း
၅။နှလုံးရောဂါ
၆။သွေးတိုးရောဂါစတာတွေဖြစ်နိုင်ခြေရှိပါတယ်။

Job burnout ဖြစ်တာတွေကို ဘယ်လိုhandleလုပ်ရမလဲ❓
🍃မိမိအတွက်goalsတွေကိုသတ်မှတ်တဲ့အခါ ဘယ်အရာတွေကိုတော့အရင်ဆုံးဦးစားပေးပြီးဘယ်လိုအရာတွေကိုတော့အချိန်ရသေးတယ် စောင့်လို့ရသေးတယ်ဆိုတဲ့အရာလေးတွေကို ခွဲပြီးဖြည်းဖြည်းချင်းလုပ်ကြည့်ခြင်း
🍃လုပ်ဖော်ကိုင်ဖက် ၊ သူငယ်ချင်းတွေဆီကနေ အကူအညီ ရယူခြင်း(စိတ်ပိုင်းဆိုင်ရာအကူအညီ)
🍃ယောဂ၊ တရားထိုင်ခြင်း သို့မဟုတ် တိုင်ချီကဲ့သို့သော စိတ်ဖိစီးမှုများကို ကူညီပေးနိုင်သည့် programတွေကိုရှာဖွေခြင်း၊ relaxဖြစ်စေတဲ့activitiesတွေကိုလေ့လာခြင်း၊ရှာဖွေခြင်း
🍃စိတ်ဖိစီးမှုလျော့စေရန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးခြင်း
🍃အိပ်ရေးဝအောင်အိပ်ခြင်း
🍃အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ကို သေချာစွာခွဲခြားပြီး enjoyဖြစ်အောင်ပြုလုပ်ခြင်း စတဲ့အရာလေးတွေကို tryကြည့်လို့ရပါတယ်။

အခုပြောပြပေးတာလေးတွေကိုလုပ်ကြည့်ပြီးသွားတဲ့သူတွေလည်းရှိကောင်းရှိနိုငိပါတယ်။ ဒါပေမဲ့ဘာမှထူးခြားမလာဘူးဆိုပြီးစိတ်မလျော့ပါနဲ့။

တစ်ယောက်နဲ့တစ်ယောက်က handle လုပ်ပုံချင်းမတူနိုင်တာကြောင့်လည်း ကွဲပြားနိုင်တာတွေရှိပါတယ်။

နေ့စဉ်နေ့တိုင်း အလေ့အကျင့်လေးတစ်ခုဖြစ်အောင် လုပ်ကြည့်တာကလည်း ရေရှည်အတွက် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

ယခု အလုပ်ကြောင့် ရေရှည် Burnout ဖြစ်နေပြီလို့ ခံစားနေရလို့ နှစ်သစ်မှာ စိတ်သစ်လူသစ် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိချင်တယ်ဆိုရင် Ammon Consulting (Myanmar) သို့ CV ပေးပို့ ထားနိုင်ပါပြီ။

📣 Ammon နှင့် လက်တွဲလုပ်ကိုင်လျက်ရှိသော Foreign & Local company များ၏ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် Telegram , LinkedIn , Facebook Page & Group များအား Follow/Join ပြုလုပ်ထားနိုင်ပါသည်။

🎯 Telegram >> https://t.me/ammonjobs

🎯 LinkedIn >> https://bit.ly/AmmonLinkedIn

🎯 Facebook >> www.facebook.com/ammonconsulting

🎯 Instagram >>www.instagram.com/ammonconsulting/

🎯 Myanmar International Jobs Group >> https://bit.ly/MyanmarInternationalJobs

Send message via your Messenger App
Scroll to Top
Scroll to Top