HR Skill Hub: Shaping Future HR Leaders Training Program

လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ HR များတောင်းဆိုထားကြတဲ့အတိုင်း ၂၀၂၄ ဇန်နဝါရီလမှ စတင်၍ HR တစ်ယောက် အနေနဲ့ ပိုမိုကောင်းမွန်သောလုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ရန်၊ လုပ်ငန်းတိုး တက်ရေး အတွက် လိုအပ်သောဝန်ထမ်းများ၏ စွမ်းရည်များပိုမိုတိုးတက်လာစေရန်နှင့် အခြားသော HR Functions များကို Professional ကျကျ စီမံခန့်ခွဲ နိုင်ရန် အတွက် Ammon Consulting (Myanmar) ၏ 𝐇𝐑 𝐒𝐤𝐢𝐥𝐥 𝐇𝐮𝐛: 𝐒𝐡𝐚𝐩𝐢𝐧𝐠 𝐟𝐮𝐭𝐮𝐫𝐞 𝐇𝐑 𝐋𝐞𝐚𝐝𝐞𝐫𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐁𝐚𝐭𝐜𝐡 𝟏) ကို ဖွင့်လှစ် သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။
ယခု Training Program တွင်
1. HR Policy & Procedure များရေးဆွဲရာတွင် မဖြစ်မနေ လိုက်နာသိရှိရမည့်အချက်များ၊ လုပ်ဆောင်မှုများ နှင့်ပတ် သက်ပြီး မိမိ ကုမ္ပဏီ နှင့် ကိုက်ညီသော Policy & Procedure များမှန်မှန်ကန်ကန် ချမှတ် ရေးဆွဲ နိုင်ခြင်း၊
2. ဝန်ထမ်းများအတွက် ကုမ္ပဏီတခုတွင် မရှိမဖြစ်လိုအပ်သည့် Employee Handbook (ဝန်ထမ်း လက်ဆွဲ စာအုပ်) ရေးဆွဲရာ တွင် သတိထားရမည့်အချက်နှင့် ရေးဆွဲနည်းချမှတ်နိုင်ခြင်း၊
3. စီးပွားရေးခန့်ခွဲမှုဆိုင်ရာများတွင် HR များသိရှိထားရမည့် အရေးကြီးသော သတင်းအချက် အလက်များသိရှိ နိုင်ခြင်း၊
4. အခုလက်ရှိ တည်ဆဲကျင့်သုံးလျက်ရှိသော Myanmar Labor Law နှင့်ပတ်သက်၍ လုပ်ငန်းခွင် တွင်ပြန်လည် ဆန်းစစ် အသုံးချနိုင်ခြင်း၊
5. တည်ဆဲအလုပ်သမားဥပဒေနှင့်အညီ ဝန်ထမ်းများ၏ လုပ်ခလစာများတွက်ချက်ခြင်း နှင့်အချိန်ပိုသတ်မှတ် ချက်များနှင့် အညီ လစာ တွက်ချက်ခြင်း၊
6. တည်ဆဲအခွန်ဥပဒေများနှင့်အညီဝန်ထမ်းများ၏ အခွန်တွက်ချက်ခြင်းဆိုင်ရာလုပ်ဆောင်ရမည့် တွက်ချက်မှု ဆိုင်ရာသတိ ထား ရမည့် အချက်များနှင့် လိုအပ်သည့်စာရွက်ပုံစံများပြင်ဆင်ခြင်း၊
7. လစဉ်အခွန်များကို ပြည်တွင်း အခွန်ဦးစီးဌာန၏ Website များတွင်အဆင့်ဆင့်တင်သွင်းခြင်းဆိုင်ရာလုပ်ဆောင်ချက်များ အတွက် လုပ်ဆောင်ရမည့်လိုအပ်ချက်များနှင့် ပုံစံများပြင်ဆင်ခြင်း၊
8. ဝင်ငွေခွန်နှင့်ပတ်သက်ပြီး သုံးသပ်ဆွေးနွေးခြင်း၊
9. အလုပ်သမားခန့်ထားရေးအတွက် လိုအပ်သည့် အလုပ်ခေါ်စာများပြင်ဆင်ခြင်းမှစ၍ ယခုလက်ရှိ ကြုံတွေ့ နေရသော စိန် ခေါ်မှုများ၊အလုပ်အကိုင် အခွင့်လမ်းသစ်များ၊ HR နှင့်ချိတ်ဆက်လာသောနည်းပညာသစ်များတွင် HR များ အနေဖြင့် သိရှိနား လည်စေရန်တွက်ပြန်လည်သုံးသပ်ခြင်းအစရှိသည့် အကြောင်းအရာများကို သင်ကြားပို့ချမျှဝေသွားမှာ ဖြစ်ပါ တယ်။
ယခုသင်တန်းကို ဘယ်လိုလူတွေတက်ရောက်သင့်လဲ❓
• HR Career ဖြင့်လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေကြသူများ၊
• HR နယ်ပယ် တွင် အလုပ် လုပ်ကိုင်နေသူများ၊
• မိမိရွေးချယ်ထားသော HR career ကို Professional ကျကျပြုလုပ်ချင်သူ များ၊
• အနာဂတ် အတွက် ပိုမို ကောင်းမွန်သော HR career လမ်းကြောင်းကို ရှေ့ဆက်ဖို့ပြင်ဆင်နေကြသူများ အစရှိသောသူများတက်ရောက်သင့်သော Training Program တစ်ခုဖြစ်ပါတယ်။
10နှစ်တာကျော်သက်တမ်းရှိပြီဖြစ်သော Multi National Company တစ်ခုဖြစ်တဲ့ Ammon Consulting (Myanmar) မှHR professional များ၏ သူတို့လုပ်သက်တစ်လျှောက်တွင်ရရှိခဲ့သော အတွေ့အကြုံကောင်းများ၊ ရင်ဆိုင်ဖြေရှင်းခဲ့ရသော လေ့လာ မှတ်သားစရာများကို သင်တန်းအပြီးမှာ လုပ်ငန်းခွင်ဝင်ဖို့ (သို့) လက်ရှိအလုပ် တွင်ပြန်လည် အသုံးချနိုင် တဲ့အထိစာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့အခွင့် အရေး တစ်ခုဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက Completion of Attendance Certificate ကိုထုတ်ပေးသွားမည်ဖြစ်ပါတယ်။သင်တန်းပြီးဆုံးပါက သတ်မှတ်ရက်အတွင်း Assignment ကိုတင်သွင်းရမည်ဖြစ်ပီး တင်ထားသောAssignmentများကိုအချိန်တခုယူပီး Visual Meeting တွင် ပြန်လည်သုံးသပ်အကြံပေးသွားမှာ ဖြစ်ပါတယ်။
𝐇𝐑 𝐒𝐤𝐢𝐥𝐥 𝐇𝐮𝐛: 𝐒𝐡𝐚𝐩𝐢𝐧𝐠 𝐟𝐮𝐭𝐮𝐫𝐞 𝐇𝐑 𝐋𝐞𝐚𝐝𝐞𝐫𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐁𝐚𝐭𝐜𝐡 𝟏)
==================
Start Date -6.1.2024
Time -9:00 AM to 12:00 PM (Saturday and Sunday)
Duration – 6 Weeks
Location – Unit #08,7 Floor, Kan Thar Yar Office Tower
Training Program Fee – 200,000 MMK
🔺သင်တန်းသား 10ဦးသာ လက်ခံမည်ဖြစ်သောကြောင့် အမြန်ဆုံးစာရင်းပေးသွင်းလိုက်တော့နော်🔺
စိတ်ဝင်စားပါက အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါတယ်
https://docs.google.com/…/1FAIpQLSdsdE9eRsD…/viewform…
စာရင်းပေးသွင်းခြင်းကို Page Messenger မှ ဖြစ်စေ ဖုန်းနံပါတ် 09258289804,09403069455 သို့ဖြစ်စေ ဆက်သွယ်၍လည်း စာရင်း ပေးသွင်းနိုင်ပါတယ်
#Ammonglobal #Trainingprogram #HRSkillHub #ShapingfuturwHRLeaders

Send message via your Messenger App
Scroll to Top
Scroll to Top