အလုပ်ခန့်ချင်လာအောင် CV ကောင်းတစ်စုံဖြင့် ဘယ်လိုပြင်ဆင်ကြမလဲ ?

အလုပ်ခန့်ချင်လာအောင် CV ကောင်းတစ်စုံဖြင့် ဘယ်လိုပြင်ဆင်ကြမလဲ ?

COVID 19 ကာလ နှင့် ယခုကဲ့သို့ နိုင်ငံရေးအကြပ်အတည်း များကြောင့် လူကိုယ်တိုင် သွားရောက်လျှောက်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။
Email မှတစ်ဆင့် ကိုယ့် အကြောင်း ၊ ကိုယ့်အတွေ့အကြုံကို ပြောပြမယ့် အရာတွေ ကတော့ ကိုယ့်ရဲ့ CV ကပဲ first impression တစ်ခုလိုဖြစ်နေပါပြီ

ဒါကြောင့် မိမိအကြာင်းကို အသေးစိတ်ဖော်ပြပေးမည့် အမှားမပါတဲ့ CV တစ်ခု ဖြစ်အောင် ဘယ်လို ရေးရမလဲ ဆိုတာလေးကို မျှဝေချင်ပါတယ်။

🔷 နာမည်ကို သေချာအောင်စစ်ပါ 👌
ရေးပြီးသား email ကိုတစ်ချက်လောက် ပြန်စစ်လိုက်ပါ။ ဥပမာ Mr James က သူ့နာမည်ကို Mr Jones လို့ မှားခေါ်တာ ကြိုက်မှာ မဟုတ်ပါဘူး။ ပို့ရမည့် HR/Recruiter အမည်အား မသဲကွဲဘူး ဖြစ်နေတယ်ဆိုရင် LinkedIn profile မှာ အလွယ်တကူ ရှာဖွေလို့ ရနိုင်ပါတယ်။ လုံးဝ ရှာလို့ မရရင်တော့ Dear Sir/Madam လို့ ရေးပေးနိုင်ပါတယ်။

🔷 စာလုံးပေါင်းသတ်ပုံ ✍️
CV ရေး ရင် ပဲ ဖြစ် ဖြစ် ၊ Email ရေးရင် ပဲ ဖြစ်ဖြစ် စားလုံးပေါင်း သတ်ပုံ မမှားအောင် သတိထား ပြီး အထပ် ထပ်စစ်ဆေးပါနော်။

🔷 မှားမပို့ စေရန်ဂရုစိုက်ပေးပါ 🙅‍♀️
တစ်ကြိမ်တည်းနဲ့ အလုပ်တွေ အများကြီး လျှောက်ဖို့ ဆိုရင် မှန်ကန်တဲ့ CV ရောက်ဖို့ လိုပါတယ်။ ဒါကြောင့် ၂ခါ ၃ခါ လောက် ပြန်စစ်ပေးပါ။ CV တိုင်းက အလုပ်လိုအပ်ချက်အပေါ်လိုက်ပြီး အနည်းငယ် ကွဲထွက်နေမှာပါ။ မှားပြီးသာ ပို့လိုက်မယ်ဆိုရင် ကိုယ့်အတွက် အခွင့်အရေးတွေ ဆုံးရုံးစေနိုင်ပါတယ်။

🔷 အဆင်သင့်ဖြစ်ပြီဆိုရင် CV format ကိုဂရုစိုက်ပါ 📇
သင့် CV ကို computer တိုင်းနဲ့ အလွယ်တကူ ဖွင့်နိုင်မည့် version သို့မဟုတ် format ကိုထားပေးပါ။ အခုဆိုရင် Word Version တွေအများကြီးရှိနေပြီး တချို့စက်တွေမှာ ဖွင့်ဖို့ အဆင်မပြပါဘူး။ လွယ်ကူဆုံးပြေစေမည့် .doc format ကိုသာ ထားပေးပါ။ Design များများနဲ့ ပြုလုပ်ရတဲ့ CV ဆိုရင်တော့ PDF format ကစိတ်အချရဆုံးပါပဲ။

🔷 File နာမည်ကို ရှင်းရှင်းလင်းလင်း ပေးပါ ☑️
အကြံပေးချင်တာကတော့ CV နာမည်ကို ကိုယ့်နာမည် ထားပေးပါ။ CV တို့ Position Name ၊ Curriculum Vitae တို့က ရိုးရှင်း လွန်းလှပါတယ်။ သင့်နာမည်ကို HR တွေမှတ်မိနေစေအောင် file name အား ကိုယ့်နာမည်ကို ထားပေးခြင်းက အကောင်းဆုံးပါပဲ။

🔷 Email နာမည်ကို ဂရုစိုက်ပါ 📧
Email name က သင်နဲ့ တစ်ခုတည်းသော ဆက်သွယ်ရမယ့် contact တစ်ခုဖြစ်လို နာမည်က အတော်လေး အရေးကြီးပါတယ်။ ဥပမာ [email protected] ဆိုတာမျိူးက အလုပ်လျှောက်ဖို့ အတွက် လုံးဝ မလုပ်သင့်ပါဘူး။

🔷 Attach တွဲဖို့ မမေ့ပါနဲ့ 🖇
Email ပို့ပြီးတဲ့အခါမှ နောက်မိနစ်ပိုင်းလောက်အကြာမှာ attach file တွေနဲ့ ရောက်လာတာက အရမ်းကြည့်ရ ဆိုးပါတယ်။ မပို့ခင် document, file တွေပါ မပါ ပြန်စစ်ပေးပါ။

🔷 ကဲ…..နောက်ဆုံးတစ်ခေါက် 🙋‍♀️
နောက်ဆုံးတစ်ခေါက် အကြမ်းဖျင်း ပြန်ဖတ်လိုက်ပါဦး။ အားလုံး 100% မှန်သွားပြီဆိုရင် Send ကိုနှိပ်ပြီး ပို့နိုင်ပါပြီ။

အလုပ်လျှောက်ထားသူများအားလုံး အခက်အခဲ မရှိ အောင်မြင်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပါစေကြောင်း မင်မင်တို့မှ ဆုတောင်းပေးလိုက်ရပါတယ်။

Ammon မှ ခေါ်ယူနေသော လစာမြင့် နိုင်ငံခြား company အလုပ်အကိုင်အခွင့်အလမ်းကောင်းများ တင်တိုင်း သိရှိနိုင်ရန် Telegram , LinkedIn , Facebook Page & Group များအား Follow/Join များပြုလုပ်ထားနိုင်ပါတယ်။

🎯 Telegram >> https://t.me/ammonjobs
🎯 LinkedIn >> https://bit.ly/AmmonLinkedIn
🎯 Facebook >> www.facebook.com/ammonconsulting
🎯 Myanmar International Jobs Group >> https://bit.ly/MyanmarInternationalJobs

Send message via your Messenger App
Scroll to Top
Scroll to Top