How to create Employer Branding

✨ဝန်ထမ်းခေါ်စာ တင်လိုက်တိုင်း CV မလာလို့ စိတ်ညစ်နေလား? အလုပ်ခေါ်စာထက် ပိုအရေးကြီးတဲ့ Employer Branding✨

လုပ်ငန်းတော်တော်များများဟာ Customer တွေဆီ Brand ဖြစ်ဖို့ပဲ အားသွန်ခွန်စိုက် ကြိုးစားတတ်ကြပါတယ်။ဒါပေမဲ့ လက်တွေ့မှာတော့ လုပ်ငန်း တစ်ခု ရေရှည်အောင်မြင်ဖို့အတွက် အလုပ်အကိုင်စျေးကွက်မှာ လူတော်တွေ၊ Talents တွေအားကိုးတကြီးနဲ့ လာရောက်ပူး‌ပေါင်းချင်တဲ့ Employer Branding ( လုပ်ငန်းရှင် ပုံရိပ် တည်ဆောက်ခြင်း ) ကလည်း အင်မတန် အ‌ရေးကြီးပါတယ်။

ယနေ့ခေတ်လူငယ် Talents တွေဟာ လစာ တစ်ခုတည်းထက် “ဘယ်လို Company မျိုးမှာ အလုပ်လုပ် နေလဲ’’ ဆိုတဲ့ ဂုဏ်သိက္ခာနဲ့လုပ်ငန်းခွင် ယဥ်ကျေးမှုကို ပိုမို ဦးစားပေးလာကြပါတယ်။Talents တွေ အားကိုးချင်စရာကောင်းတဲ့ Brand တစ်ခုဖြစ်ဖို့ ပြောင်းလဲ တည်ဆောက်ရမည့် Employer Branding နည်းလမ်း (၃)ချက်ကို မျှဝေ ပေးလိုက်ပါတယ်

💎 Employee Value Proposition (EVP) ကို တိကျပါစေ။

ဝန်းထမ်းတစ်‌‌ယောက်က Companyကို သူ့ရဲ့ အချိန်နဲ့ စွမ်းဆောင်ရည်တွေ ပေးဆပ်တဲ့အခါ Company ဘက်က လစာအပြင် ဘယ်လို Career Growth၊ ဘယ်လို သင်တန်းများနဲ့ လုပ်ငန်းခွင် ယဥ် ကျေးမှုမျိုး ပြန်လည် ပံ့ပိုးပေးနိုင်မလဲဆိုတာ ရှင်းလင်းစွာ ပြသထားရပါမယ်။

📈 Showcase Success ချီးမြှင့်ပါ။

ဝန်ထမ်းကောင်းတွေရဲ့ Employee Success Stories တွေကို Pubic သိအောင် ဂုဏ်ပြုပေးခြင်းက ပြင်ပက Talents တွေအတွက် စိတ်ခွန်အားကို ချက်ချင်းဖြစ်ပေါ် စေပါတယ်။

💬 Transparency ရှိပါစေ။

Company ရဲ့ Mission ,Vision နဲ့ ဝန်ထမ်းတွေ အပေါ် ထားရှိ တဲ့ Core Values တွေကို လုပ်ငန်းရှင် ကိုယ်တိုင်ဖြစ်စေ HR Managerကဖြစ်စေ မကြာခဏ ပြောဆိုဆွေးနွေးခြင်းဖြင့် လုပ်ငန်းရဲ့ ခိုင် မာတဲ့ ရပ်တည်ချက်နဲ့ ဂုဏ်သိက္ခာကို အများသိအောင် တည်ဆောက်ပါ။

“လူတော်တွေဟာ အလုပ်တစ်ခုတည်းကိုပဲ ရွေးချယ်တာမဟုတ်ပါဘူး။ သူတို့ရဲ့ အနာဂတ်ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်မည့် အလုပ်ရှင်ပုံရိပ် (Employer Brand) ကိုပါ ရွေးချယ်ကြတာ ဖြစ်ပါတယ်။”

Let Us Take Care of Your HR

#Ammon_Consulting #EmployerBranding #EmployerBrand #WorkplaceCulture #CompanyCulture #EVP #EmployeeValueProposition #EmployerImage

Scroll to Top