လူသားတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အရောင်အသွေးတွေ ရှိကြပြီး အဲဒီကွဲပြားခြားနားမှုတွေ ပေါင်းစည်းလိုက်တဲ့အခါမှာတော့ ပိုမိုလှပပြီး အင်အားတောင့်တင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။
Ammon Consulting အနေနဲ့ ဝန်ထမ်းတိုင်း၊ လူသားတိုင်းရဲ့ မတူကွဲပြားတဲ့ ပင်ကိုယ်အရည်အသွေးတွေကို တန်ဖိုးထား လေးစားသလို၊ အားလုံးပါဝင်ခွင့်ရှိပြီး ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ဖို့ အမြဲတမ်း ရပ်တည်ပေးနေပါတယ်။
ဒီဇွန်လမှာ ကျရောက်တဲ့ Pride Month ကာလတစ်လျှောက်လုံးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူစွာ ရှင်သန်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အတူတူ ဆင်နွှဲလိုက်ရပါတယ်။ 🎉
#ammon #ammonHR #PrideMonth2026 #Pride #CelebrateDiversity #InclusionMatters #HRManagement



