Don't For your next interview

Interview အတွက် ဘယ်လို အပြုအမှုတွေ ရှောင်ရှားဖို့ လိုလဲ ❓

Interview အတွက် ဘယ်လို အပြုအမှုတွေ ရှောင်ရှားဖို့ လိုလဲ ❓
 
ယခုလို အပြုအမှု များစွာက သင့်အပေါ် impression ကျစေသလို အလုပ်ခန့်ဖို့ အတွက် စဉ်းစားရာတွင်လည်း အဟန့် အတား တစ်ခု ဖြစ်စေမှာပါ။
 
🔷 ဖုန်းပြောခြင်း
Interview ခန်း အတွင်း ဖုန်းပြောဆိုခြင်းကို လုံးဝ မလုပ်ပါနဲ့။ မေးခွန်းတွေ မေးနေတဲ့ အချိန် ဖုန်းသံ မြည်ခြင်း၊ notification မှ အသံများ ထွက်လာခြင်းတွေက interviewer အပေါ် မလေးစားရာ ကျပါတယ်။
 
🔷 ဂနာမငြိမ် ဖြစ်ခြင်း
သွက်လက်ပြီး Active ဖြစ်တာကကောင်းပေမယ့် ဂနာမငြိမ်ဖြစ်တဲ့အထိကတော့ အဆင်မပြေနိုင်တော့ပါဘူး။ အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုရင် interview မဝင်ခင် အသက်ရူ လေ့ကျင့်ခန်း လုပ်ပေးပါ။
 
🔷 အချိန်လေးစားမှု့မရှိခြင်း
လူတွေ့ Interview ဖြစ်စေ ၊ Online မှ Interview ဖြစ်စေ အချိန် (လုံး၀) နောက်မကျသင့်ပါဘူး။ အကယ်၍နောက်ကျမည်ဆိုပါက သက်ဆိုင်ရာ Interviewer အား ကြိုတင်အကြောင်းကြားထားပါ။
 
🔷 ယခင် အလုပ်ရှင် ၊ Company အားပြစ်တင်ဝေဖန်ခြင်း
ယခင်အလုပ်က ဘာကြောင့်ထွက်ဖြစ်ခဲ့တာလဲ စသဖြင့်မေးလာပါက
အကယ်၍ လုပ်ငန်းခွင်တွင်း အကြောင်းအရင်းတစ်ခုခု မတိုက်ဆိုင်လို့ အဆင်မပြေဖြစ်ခဲ့ပါက မိမိကိုယ်တိုင်ဖြစ်စေ အထက်လူကြီး ၊ company တို့အား ဖြစ်စေ Interview တွင် ဝေဖန် ပြစ်တင်သော အဖြေက professional မဆန်ဘဲ Company အပေါ် စည်းမစောင့်တဲ့ အပြုသဘောမျိူး ဆောင်နိုင်ပါတယ်။
 
ယခုလို မေးခွန်းများ မေးလာပါက
👉 Career အတွက် ကိုယ်ပိုင် opportunities များ ရရှိလိုသဖြင့် ယခု Position အားလျှောက်ထားခြင်း
👉 လူကြီးမင်းတို့ (Company Service/Product) အပေါ် အလွန်စိတ်အားထက်သန်သဖြင့် လျှောက်ထားရခြင်း ဖြစ်ပါသည် စသဖြင့် ပြောဆိုတတ်ဖို့လိုအပ်ပါတယ်။
 
🔷 လစာဘယ်လောက်ရမလဲ မှစ၍ စကားအစမချီပါနဲ့
Interview အခန်းထဲ စဝင်ဝင်ခြင်း မေးတဲ့ မေးခွန်းက လစာ ဘယ်လောက်ရမလဲ ဆိုတဲ့ မေးခွန်း စပြီး မမေးသင့်ပါဘူး။ သင့်လုပ်ရည်ကိုင်ရည် လုပ်ဆောင်နိုင်စွမ်းတွေကြောင့် ဘယ်လောက်ထိရနိုင်သလဲ ပြောဖို့ နိဒါန်းချီထားပါ။
 
🔷 အနံ့ပြင်းသော အစားအသောက်များ ရှောင်ကျဉ်ပါ
လူတွေ့ Interview ဖြစ်ပါက မန်နေဂျာ၊ သူဌေး နှင့် မျက်နှာချင်းဆိုင်ဖြစ်တဲ့ အတွက် အနံ့ပြင်းသော အစားအသောက်တွေဖြစ်တဲ့ ကြက်သွန်ဖြူ ၊ ဒညင်းသီး တို့လို အစားအစာတွေကို မစားထားသင့်ပါဘူး။
 
လုပ်ငန်းခွင်တွင်း ဆေးလိပ် မသောက်ရ ကန့်သက်ထားတဲ့ အလုပ်မျိူးမှာ ဆေးလိပ်နံ့ ရနေတယ်ဆိုရင်တော့ သင့်ကို ရွေးချယ်ဖို့ စဉ်းစားစရာ အဟန့်အတားတစ်ခု ဖြစ်လာမှာပါ။
 
အလုပ်လျှောက်ထားသူများအားလုံး အခက်အခဲ မရှိ အောင်မြင်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပါစေကြောင်း မင်မင်တို့မှ ဆုတောင်းပေးလိုက်ရပါတယ်
 
Ammon မှ ခေါ်ယူနေသော လစာမြင့် နိုင်ငံခြား company အလုပ်အကိုင်အခွင့်အလမ်းကောင်းများ တင်တိုင်း သိရှိနိုင်ရန် Telegram , LinkedIn , Facebook Page & Group များအား Follow/Join ပြုလုပ်ထားနိုင်ပါတယ်။
 
🎯 Telegram >> https://t.me/ammonjobs
🎯 LinkedIn >> https://bit.ly/AmmonLinkedIn
🎯 Facebook >> www.facebook.com/ammonconsulting
🎯 Myanmar International Jobs Group >> https://bit.ly/MyanmarInternationalJobs
 
Send message via your Messenger App
Scroll to Top
Scroll to Top