CV Tips & Format

အလုပ်ခန့်ချင်လောက်တဲ့ CVကောင်းတစ်စောင် ဘယ်လိုပြင်ဆင်ကြမလဲ ❓

(CV Format download link included 👇 )

ဒီနေ့မှာတော့ AMMON အနေနဲ့ မျှဝေပေးချင်တာကတော့ ဖတ်ကြည့်တာနှင့် အလုပ်ခန့်ချင်လောက်သည့် CV ကောင်းတစ်ဆောင်ရဖို့ tipလေးတွေနဲ့ CV format လေးတွေ sharing လုပ်ပေးချင်ပါတယ်။ 🙏

 

👉 Tip 1 (Photo)

အရေးပါဆုံးကတော့ CVအပေါ်ဆုံးနားမှာအသုံးပြုလေ့ရှိတဲ့မိမိရဲ့ photo ဖြစ်ပါတယ်။ Photo ကို passport size photoအသုံးပြုသင့်ပြီး professional look ပုံစံကိုအသုံးပြုနိုင်ပါကပို၍အဆင်ပြေစေပါသည်။ ဒီနေရာမှာရှောင်သင့်တဲ့အချက်ကတော့အလှ photo များအသုံးပြုခြင်း ကိုရှောင်ရှားသင့်ပါတယ်။

👉 Tip 2 (Personal Profile)

ဒုတိယအချက်အနေနဲ့ကတော့ personal profile ဖြစ်ပါတယ်။ Personal Profile မှာဆိုရင်တော့ မိမိနာမည်၊ မွေးသက္ကရာဇ်၊ NRC No၊ Religion ၊ Nationality၊ Email Address ၊ Phone Number နှင့် မိမိနေရပ်လိပ်စာ (Home Address) တွေကိုသေသေချာချာလေးထည့်သင့်ပါတယ် ။

👉 Tip 3 (Objective)

ဒီနေရာမှာ objective ကိုတော့ထည့်ရေးချင်လည်းရသလိုမထည့်ချင်ပါကလည်းကျော်သွားလို့ရပါတယ်နော်။ Objective ထည့်ရေးချင်သူများအနေနဲ့ကတော့ ဘာလို့ဒီအလုပ်ကိုစိတ်ဝင်တစားနဲ့လျှောက်ရသည့်ဆိုသည့်ရည်ရွယ်ချက် (သို့မဟုတ်) ဒီအလုပ်ကိုမိမိဘယ်လောက်ထိိထိတိုးတက်ကောင်းမွန်အောင်လုပ်ပေးချင်သည့်ဆိုသည့်ရွယ်ရွယ်ချက်စတာတွေထည့်ရေးလို့ရပါတယ်။

👉 Tip 4 (Education Background & Qualifications)
ဒီနေရာမှာတော့မိမိရဲ့bachelor degree (သို့မဟုတ်)Master Degree ကိုထည့်ရေးလို့ရသလို ကျောင်းမပြီးသူများအနေဖြင့် မည်သည့်စာသင်နှစ် အထိသင်ယူထားပြီးကြောင်းကိုလည်းထည့်ရေးလို့ရပါတယ်။

Other Qualifications နေရာမှာတော့ တခြားတက်ထားသည့်certificate သင်တန်းများ၊ Diploma များအားထည့်ရေးနိုင်ပါတယ်။

👉 Tip 5 (Skills)
ဒီနေရာမှာတော့ Skill ကို (၃) မျိုးခွဲပြီး ပြောပြပါမယ်နော်။
✅ ပထမတစ်ခုကတော့ Language Skill ပါ။ Language skill မှာမိမိကျွမ်းကျင်သည့် language နဲ့ levelကိုထည့်ရေးလို့ရပါတယ်။ ဥပမာ Myanmar (Native)/ English (Intermediate) တခြားကျွမ်းကျင်တဲ့language တွေလည်းထပ်ထည့်လို့ရပါတယ်။
✅ ဒုတိယတစ်ခုကတော့ Technical Skillပါ။
Technical Skill မှာ မိမိရဲ့ Technology ပိုင်းနှင့်ပက်သတ်ပြီးကျွမ်းကျင်မှုတွေကိုရေးလို့ရပါတယ် အများစုရေးလေ့ရှိတာကတော့ Microsoft Office ဖြစ်ပါတယ် တခြား Technology နှင့်ပက်သတ်ပြီးကျွမ်းကျင်တာတွေရှိပါကလည်းထည့်ရေးလို့ရပါတယ်နော်။
✅ တတိယတစ်ခုကတော့ Soft Skills and hard skillsတွေဖြစ်ပါတယ်
Soft Skills မှာတော့မိမိရဲ့ personal qualities တွေကိုရေးရမှာဖြစ်ပြီး hard skills မှာတော့ job related knowledge နဲ့ abilities တွေ့ကိုရေးရမှာဖြစ်ပါတယ်။
ဥပမာ (Soft Skills- Good communication, Good Team Work etc)

(Hard Skills – Marketing Campaign Management, Market Analysis etc)

👉 Tip 6 ( Working Experience)
Working Experience မှာတော့မိမိလုပ်ခဲ့ဖူးသည့် Company နာမည်၊ ရာထူး၊ မိမိလုပ်ခဲ့သည့်အချိန်အတိုင်းတာနဲ့ မိမိတာဝန်ယူခဲ့ရသည့် responsibilities တွေကိုထည့်ရေးမှာဖြစ်ပါတယ်။
Responsibilities ကိုရေးတဲ့နေရာမှာတော့စာပိုဒ်လိုက်အများကြီးရေးတာမျိုးမဟုတ်ပဲ မိမိအဓိကတာဝန်ယူခဲ့ရသည့်အပိုင်းကို bullet point လေးတွေနဲ့ highlight လုပ်ပြီးရေးတာမျိုးက CVဖတ်တဲ့သူကိုရှင်းရှင်းလင်းလင်းနားလည်စေနိုင်ပါတယ်။

✅  နောက်တစ်ခုအနေနဲ့ကတော့အကြံပေးချင်တာကတော့Fresher များအတွက်ဖြစ်ပါတယ် Fresher များကတော့ Working Experience မရှိသေးတာဖြစ်တဲ့အတွက် မိမိရဲ့ internship experience | volunteering experience နှင့် ကျောင်းမှာပါဝင်ခဲ့ဖူးတဲ့ activities တွေကိုထည့်ရေးလို့ရပါတယ်။

👉 Tip 7 ( References)
ဒီနေရာမှာ Reference ကိုတော့ထည့်ရေးချင်လည်းရသလိုမထည့်ချင်ပါကလည်းကျော်သွားလို့ရပါတယ်နော်။
Reference ထည့်ရေးချင်သူများအနေနဲ့ကတော့ မိမိအရင်အလုပ်ရဲ့ Company နာမည်၊ အထက်လူကြီးရဲ့နာမည်၊ရာထူး၊ ဆက်သွယ်လို့ရမည့် Email Address နှင့် ဖုန်းနံပါတ် တွေကိုထည့်ရေးမှာဖြစ်ပါတယ် ။

Fresher များအနေနဲ့ကတော့တက္ကသိုလ်မှဆရာ၊ ဆရာမများရဲ့ ရာထူး၊ဆက်သွယ်လို့ရမည့် Email Address နှင့် ဖုန်းနံပါတ်တွေကိုထည့်ရမှာဖြစ်ပါတယ်။

👉 Tip 8 ( Expected Salary )
Expected Salary ကိုတော့ လျှောက်ထားသည့်အလုပ်ပေါ်မူတည်ပြီးထည့်မထည့် စဉ်းစားပါကပိုအဆင်ပြေနိုင်ပါတယ်။ တချို့အလုပ်တွေမှာ ပေးနိုင်သည့် salary ကိုတစ်ခါတည်းဖော်ပြထားတာရှိသလို တချို့အလုပ်တွေမှာတော့ Confidential အနေနဲ့မဖော်ပြထားတာရှိနိုင်ပါတယ်။
ဖော်ပြထားသည့်အလုပ်ဆိုရင်တော့ မိမိလိုချင်သည့်အတိုင်းတာတတစ်ခုနဲ့ကိုက်ပါက CVမှာတစ်ခါတည်းထည့်ရေးလို့ရပါတယ် တစ်ချို့ကျတော့လည်း interview မှာမှညှိနိုင်တာမျိုးလည်းရှိနိုင်ပါတယ်။
အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေကတော့ CV တစ်ဆောင်ရေးတော့မယ်ဆိုရင်အဓိကလိုအပ်မည့်အချက်လေးတွေကို sharing လုပ်ပေးထားတာဖြစ်ပါတယ်။

✅  နောက်ထပ် မှာချင်တာကတော့ CV တွေကိုမိတ္တူဆိုင်မှာဝယ်ပြီးသူတို့ရေးထားတဲ့formatတွေအတိုင်းအသုံးပြုတာမျိုးမလုပ်ပဲ မိမိဘာသာ Microsoft Word နဲ့သေသေချာချာလေးရေးစေချင်ပါတယ်နော်။

အားလုံးပဲ အလုပ်အကိုင် အခွင့်လမ်းများအဆင်ပြေကျပါစေဟု Ammon မှ ဆုတောင်းပေးပါတယ်ရှင့်

 

AMMON CV Design Download HERE.

 

✅ ပြည်တွင်းရှိ ထိပ်တန်း International Company များမှ လစာကောင်းသော အလုပ်များ လျှောက်ထားရန် CV အား [email protected] သို့ ပေးပို့ထားနိုင်ပါပြီ။

Ammon မှ ခေါ်ယူနေသော လစာမြင့် နိုင်ငံခြား company အလုပ်အကိုင်အခွင့်အလမ်းကောင်းများ တင်တိုင်း သိရှိနိုင်ရန် Telegram , LinkedIn , Facebook Page & Group များအား Follow/Join များပြုလုပ်ထားနိုင်ပါတယ်။
 
🎯 Telegram >> https://t.me/ammonjobs
🎯 LinkedIn >> https://bit.ly/AmmonLinkedIn
🎯 Facebook >> www.facebook.com/ammonconsulting
🎯Instagram >> www.instagram.com/ammonconsulting/
🎯 Myanmar International Jobs Group >> https://bit.ly/MyanmarInternationalJobs
Send message via your Messenger App
Scroll to Top
Scroll to Top