Contract Staffing (PEO) Service

📝လုပ်ငန်းပရောဂျက်အလိုက် ကျွမ်းကျင်သူတွေကို အချိန်တို (သို့မဟုတ်) အချိန်ကြာရှည်စွာခန့်ထားပြီး အဆိုပါ ဝန်ထမ်းရဲ့ HR ပိုင်းဆိုင်ရာကိစ္စအဝဝကို တာဝန်ယူပေးမယ့် Ammon Consulting (Myanmar)ရဲ့ Contract Staffing Service”📝

🏢လုပ်ငန်းတစ်ခုမှာ ရေတိုပရောဂျက် (Short-term Projects) ဒါမှမဟုတ် ရာသီအလိုက် အလုပ်များတဲ့အချိန်တွေ (Seasonal Peaks) မှာ ဝန်ထမ်းအင်အား အရေးပေါ် လိုအပ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ Project အလိုက် ကျွမ်းကျင်ဝန်ထမ်းရရှိနိုင်မယ့်အကောင်းဆုံး ဖြေရှင်းနည်းကတော့ Ammon Consulting (Myanmar) ရဲ့Contract Staffing Service (PEO) ပဲ ဖြစ်ပါတယ်။

Contract Staffing (PEO) ဆိုတာ ဘာလဲ❓

🔹လူကြီးမင်းတို့ လုပ်ငန်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို သတ်မှတ်ထားတဲ့ ကာလတစ်ခုအထိ (ဥပမာ – ၃ လ၊ ၆ လ သို့မဟုတ် ၁ နှစ်) Ammon ကနေတစ်ဆင့် ငှားရမ်းအသုံးပြုနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

Ammon Consulting (Myanmar) ရဲ့ Contract Staffing (PEO) ကို ရွေးချယ်ရင် ဘာတွေ ထူးခြားမလဲ❓

✅Flexible Workforce: လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး ဝန်ထမ်းအင်အားကို လိုသလို တိုးချဲ့တာ ဒါမှမဟုတ် လျှော့ချတာတွေကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။

✅Reduced Liability: ဝန်ထမ်းတွေရဲ့ လစာတွက်ချက်တာ၊ လူမှုဖူလုံရေး (SSB) သွင်းတာနဲ့ အလုပ်သမား ဥပဒေ ဆိုင်ရာ ကိစ္စရပ်အားလုံးကို Ammon က တာဝန်ယူပေးတာဖြစ်လို့ လူကြီးမင်းတို့အနေနဲ့ HR ပိုင်းဆိုင်ရာ လုပ်ငန်း ဆောင်တာတွေအတွက် စိတ်ပူစရာ မလိုအပ်တော့ပါဘူး။

✅Quick Replacement: အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအစားထိုးဖို့ လိုအပ်လာရင်လည်း Ammon ရဲ့ ကျယ်ပြန့်တဲ့ Database ကနေ အမြန်ဆုံး အစားထိုး ပံ့ပိုးပေးပါတယ်။

✅Cost-Effective:အမြဲတမ်းဝန်ထမ်းတစ်ယောက်အတွက် ကုန်ကျမယ့် ခံစားခွင့်တွေနဲ့ စီမံခန့်ခွဲမှုစရိတ်တွေကို သက်သာစေလို့ Budget ကို ထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

✅လုပ်ငန်းလည်ပတ်မှုအဆင်ပြေလွယ်ကူစေပြီး စွမ်းဆောင်ရည်တွေမြှင့်တင်ရန်နှင့် ကုန်ကျစရိတ် သက်သာ စေရန်အတွက် Contract Staffing Service (PEO) ကို အသေးစိတ်သိနိုင်ရန်

ဖုန်း +959 258 289 804 (သို့) [email protected] သို့ ဖြစ်စေ ဆက်သွယ်မေး မြန်းစုံစမ်း နိုင်ပါ တယ်။

For More Detail – https://www.ammonglobal.com/hr-consulting/contract-staffing-in-myanmar/

#Ammon #Contract_Staffing_Service #Short_Term_Employment #Project_Based_Employment

Scroll to Top