How to Boost Productivity and Avoid Burnout?

ရုံးဆင်းချိန်ထိ လုပ်ငန်းခွင်ကအာရုံတွေ ပါလာတတ်လို့ စိတ်ပင်ပန်းနေပြီလား❓

လူတော်တော်များများဟာ အလုပ်ပိုတွင်ချင်တဲ့အခါ အချိန်တွေကို ပိုသုံးပြီး ပိတ်ရက်မရှိ ဇွတ်တရစပ်လုပ်တတ် ကြပါတယ်။ဒါပေမဲ့ လက်တွေ့မှာတော့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က ပင်ပန်းနွမ်းနယ်နေရင် အချိန်ဘယ်လောက် ပေးပေး အလုပ်မတွင်တဲ့အပြင် Burnout ( စိတ်ကုန်ခမ်းခြင်း) သံသရာထဲ ရောက်သွားတတ်ပါတယ်။

အလုပ်မတွင်ပဲ စိတ်ဖိစီးမှုတွေပဲ များလာရခြင်းဟာ စွမ်းဆောင်ရည် ( Productivity )နဲ့ စိတ်‌‌ရောကိုယ်ပါ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ စိတ်မပင်ပန်းစေဘဲ ရလဒ်တွေ သိသိသာသာ ပိုကောင်းလာစေဖို့ နေ့စဥ်ပြောင်းလဲကျင့်သုံးရမဲ့ အချက်(၃)ချက်ကို မျှ‌‌‌‌‌ဝေပေးလိုက် ပါတယ်။

1️⃣Professional Boundaries ထားပါ🛑

အလုပ်ချိန်ပြီးဆုံးရင် စိတ်ကိုပါ အလုပ်ကနေ တရားဝင် အနားပေးတတ်ရပါမယ်။ ရုံးဆင်းချိန်မှာ အလုပ်ကိစ္စတွေကို စနစ်တကျ ယဥ်ကျေးစွာ ငြင်းပယ်တတ်ခြင်း (သို့မဟုတ်) နောက်ရက်မှ ဆက်လုပ်ခြင်းဖြင့် Boundaries တည်ဆောက်ခြင်းက ရေရှည်မှာ အလုပ်ကိုစိတ်မကုန်စေဘဲ တစိုက်မတ်မတ်တိုးတက်စေပါတယ်။

2️⃣Micro-Breaks အလေ့အထလုပ်ပါ🔋

Computerရှေ့မှာ နာရီပေါင်းများစွာထိုင်ပြီး ဆက်တိုက်အလုပ်လုပ်နေမဲ့ အစား အလုပ်လုပ်ရင်း မိနစ် ၄၀ (သို့မဟုတ်) ၅၀ပြည့်တိုင်း မျက်စိခဏလွှဲတာ အကြောဆန့်တာမျိုး ၁မိနစ် ၂မိနစ် ခန့်လုပ်ပေးခြင်းဖြင့် ဦးနှောက် ဖိစီးမှုကို လျော့ချပေးပြီး စိတ်ကြည်လင်မှုကို ချက်ချင်းပြန်ရစေပါတယ်။

3️⃣Self-Recognition လုပ်ပါ🤍

မပြီးသေးတဲ့ အလုပ်တွေကို စိုက်ကြည့်ပြီး စိတ်ညစ်နေမဲ့ အစား ဒီနေ့ဘယ်အချက်တွေကို အကောင်းဆုံး လုပ်ဆောင် နိုင်ခဲ့ပြီဆိုတာ ပြန်လည်ဆန်းစစ်ပြီး မိမိကိုယ်ကို ချီးကျူးပါ။စိတ်ဓာတ်တက်ကြွနေခြင်းက ပျော်ရွှင်မှုကို ‌ပေးစွမ်းနိုင်သလို အလုပ်စွမ်းဆောင်ရည်ကိုလည်း အလိုလို မြင့်တက်စေပါတယ်။

“အနားယူခြင်းဆိုတာ ပျင်းရိခြင်း မဟုတ်ပါဘူး မိမိရဲ့ Professional စွမ်းဆောင်ရည်တွေ ‌ရေရှည်ခိုင်မာဖို့အတွက် မရှိမဖြစ် လောင်စာပဲ ဖြစ်ပါတယ်။”

#Ammon_Consulting #ProductivityTips #AvoidBurnout #WorkLifeBalance #MentalHealthAtWork #SelfCare #AmmonConsulting #MyanmarProfessionals #WorkSmart #SuccessMindset #BurnoutPrevention

Scroll to Top