8 Tips for your face to face interview

လူတွေ့ Interview အတွက် ဆောင်ရန်ရှောင်ရန်
8 Tips for your face to face interview
 
👉 ယခုအခါတွင် Company အများစုမှ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သလို လူတွေ့ Interview များကိုလည်း ပြန်လည်ခေါ်ယူနေကြပြီဖြစ်ပါတယ်။
 
👉 ဒါဆိုရင် လူတွေ့ Interview အတွက် ဘယ်လို ပြင်ဆင်သင့်သလဲ ကို ဖတ်ကြည့်လိုက်ကြရအောင်
 
✅ Interview ဝင်ရမည့် ကုမ္ပဏီ၏ Website/Facebook/LinkedIn များမှ Information များကို ကြိုတင်လေ့လာထားပါ။
 
Eg, Company အမျိုးအစား၊ မည်သည့် ကုန်ပစ္စည်းများ ထုပ်လုပ်သလဲ (သို့မဟုတ်) ဘယ်လို ဝန်ဆောင်မှု့ များပေးနေသလဲ အစရှိသဖြင့်…
 
✅ လျှောက်ထားသော ရာထူး၏ Job Description ကိုသေချာလေ့လာပါ။
အင်တာဗျူးတွင် မေးနိုင်မယ့်မေးခွန်းလေးတွေလည်း ကြိုတင်လေ့လာထားပါ။
 
✅ အင်တာဗျူးဖြေမယ့်ရက်တွင် အဝတ်စားပိုင်းကို သေသေသပ်သပ် ဝတ်စားသင့်ပါတယ်။
လျှောက်ထားမယ့် ရာထူးအပေါ်မူတည်ပြီး လိုအပ်သလိုဝတ်စားပြင်ဆင်ပါ။
 
✅ အင်တာဗျူးချိန်မတိုင်မှီ ကြို၍ စောရောက်နေပေးပါ။
သွားရမည့် နေရာ ကားစီးရမယ့်လမ်းကြောင်းကအစ အင်တာဗျူးနေ့ မတိုင်ခင်ရက်များထဲက ကြိုတင်လေ့လာထားပါ။
အင်တာဗျူးချိန်ကို လုံး၀ နောက်မကျသင့်ပါ။
 
✅ အင်တာဗျူးခန်းတွင်း မဝင်ခင်နှင့် ဖြေပြီး ပြန်ထွက်မည့် အချိန်များတွင် “ ဝင်ခွင့်ပြုပါရန်နှင့် ပြန်ခွင့်ပြုပါရန်” သက်ဆိုင်ရာ Interviewerများအား ခွင့်တောင်းပါ။
 
Interview ခေါ်ယူပေးတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း မဖြစ်မနေ ပြောပေးပါ။
 
✅ အင်တာဗျူး ဝင်နေစဉ်အတွင်းတွင်လည်း Interviewer အား မိမိဖြေဆိုသည့် မေးခွန်းတိုင်းတွင် Eye Contact ပေးပီး ယုံကြည်ချက်ရှိရှိ ဖြေဆိုပါ။
 
နားမလည်သော မကျွမ်းကျင်သော မေးခွန်းများပါလာပါကလည်း နားမလည်ကြောင်း၊ မသိကြောင်း ရိုးသားစွာဖြေဆိုပါ။
Interviewer အားမျက်လုံးချင်းမဆုံစေဘဲ ကြည့်နေလျှင် အလုပ်အပေါ် ယုံကြည်ချက်မရှိ ဟု တွေးထင်သွားနိုင်ပါသည်။
 
✅ Interviewer ဘက်မှမေးခွန်းအားလုံး ပြီးသွားသောအခါ မိမိအနေဖြင့် မိမိဘက်မှ ကုမ္ပဏီနှင့် ပတ်သက်သောအကြောင်းအရာများက မေးလိုပါကမေးမြန်းနိုင်ပါသည်။
 
Eg, Company Working Day & Hour, Ferry Provide, Working Environment နှင့် မည့်သည့်ရက်အတွင်း အကြောင်းပြန်် မပြန် အစရှိသဖြင့်…
 
✅ အင်တာဗျူးပီးနောက် 1 week or 2 weeks အတွင်း မိမိအင်တာဗျူးအခြေနေအား Follow up လိုက်ကြည့်ပါ။
Email/SMS ကိုလည်းမပြတ်စစ်ကြည့်ပေးပါ။ အချို့Company များဟာ Email/SMS ဖြင့်လည်းအကြောင်းကြားတတ်ပါသေးတယ်။
 
Interview ဝင်တိုင်း အောင်မြင်စွာ ခန့်အပ်ခြင်း ခံရပါစေဟု မင်မင်တို့ မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ရှင့်။ 🙏
📣 Ammon နှင့် လက်တွဲလုပ်ကိုင်လျက်ရှိသော Foreign & Local company များ၏ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် Telegram , LinkedIn , Facebook Page & Group များအား Follow/Join ပြုလုပ်ထားနိုင်ပါသည်။
 
🎯 Telegram >> https://t.me/ammonjobs
 
🎯 LinkedIn >> https://bit.ly/AmmonLinkedIn
 
🎯 Facebook >> www.facebook.com/ammonconsulting
 
🎯 Myanmar International Jobs Group >> https://bit.ly/MyanmarInternationalJobs
 
လူကြီးမင်းတို့ Company အတွက် လိုအပ်လာမည့် HR ကိစ္စ အ၀၀မှန်သမျှကို AMMON မှ တာဝန်ယူ ကူညီဆောင်ရွက်ပေးပါရစေ 🙏|
 
Let Us Take Care Of Your HR 👩‍💼
 
For HRM Service, Payroll Outsourcing, Contract Staffing & HR Training Service : +959 258289804
For Talent Search Service : +959 401520365
 
Find more about our services : www.ammonglobal.com
Send message via your Messenger App
Scroll to Top
Scroll to Top