မိုးရာသီ ရုံးတက်စိန်ခေါ်မှုတွေကြားမှာ ‘Remote Work’ က ပိုထိရောက်သလား? ‘Office Work’ ကပဲ ပိုအလုပ်ဖြစ်သလား?”
မိုးရာသီကို ရောက်ရှိလာတာနဲ့အမျှ သွားရေးလာရေး ခက်ခဲမှုတွေ၊ လမ်းပိတ်တာ၊ ရေကြီးတာတွေဟာ ဝန်ထမ်းတွေတင်မကဘဲ လုပ်ငန်းရှင်တွေအတွက်ပါ နေ့စဉ်ရုံးတက်ဖို့ အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။
ဒီလိုအချိန်မျိုးမှာ လုပ်ငန်းခွင်အသီးသီးက ခေါင်းဆောင်တွေနဲ့ HR မန်နေဂျာတွေကြားမှာ စိတ်ဝင်စားစရာ အငြင်းပွားဖွယ်ရာ ခေါင်းစဉ်တစ်ခု ရှိနေပါတယ်တယ်။ အဲဒါကတော့ “မိုးတွင်းကာလမှာ ဘယ်လို အလုပ်လုပ်ပုံစနစ်က လုပ်ငန်းစွမ်းဆောင်ရည် (Productivity) ကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်မလဲ?” ဆိုတာပါပဲ။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်အမြင်နဲ့ အတွေ့အကြုံကို အောက်ပါ ရွေးချယ်မှုလေးတွေနဲ့အတူ Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်တယ်
💻 A – Remote Work (အိမ်ကနေ အလုပ်လုပ်ခြင်း):
“လမ်းခရီးမှာ အချိန်ကုန်၊ အားအင်ကုန်ခမ်းမယ့်အစား အိမ်ကနေပဲ စိတ်အေးချမ်းသာစွာနဲ့ အလုပ်ကို ရာနှုန်းပြည့် အာရုံစိုက်နိုင်လို့ ပိုထိရောက်တယ်”
🏠 B – Office Work (ရုံးတက် အလုပ်လုပ်ခြင်း):
“ရာသီဥတု ဘယ်လိုပဲရှိရှိ ရုံးမှာ အလုပ်ဖော်တွေနဲ့ တိုက်ရိုက် မျက်နှာချင်းဆိုင် (Face-to-Face) ချိတ်ဆက်ပြီး လုပ်ကိုင်ရတာကမှ ဆက်သွယ်ရေး ပိုမြန်ဆန်ပြီး အလုပ်ပိုတွင်တယ်”
အလုပ်လုပ်တဲ့ နေရာဒေသ (Location) ထက် မိမိလုပ်ငန်းသဘာဝနဲ့ ကိုက်ညီမယ့် မှန်ကန်တဲ့ HR Strategy ရှိနေဖို့က ပိုအရေးကြီးပါတယ်တယ်။ ဘယ်လိုစနစ်ကိုပဲ ရွေးချယ်သုံးစွဲသည်ဖြစ်စေ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားနေစေဖို့နဲ့ လုပ်ငန်းလည်ပတ်မှု မပြတ်တောက်စေဖို့ (Business Continuity) က အဓိကသော့ချက် ဖြစ်ပါတယ်။
“ခေတ်မီဆန်းသစ်ပြီး စနစ်ကျသော လုပ်ငန်းခွင့်စီမံခန့်ခွဲမှုသည် မည်သည့်စိန်ခေါ်မှုကိုမဆို ကျော်လွှားနိုင်မည့် သော့ချက်ဖြစ်ပါသည်”
www.ammonglobal.com
#Ammon_Consulting #Remote_Work #Office_Work



