ဝင်ငွေခွန် Personal Income Tax (PIT) ဆိုတာ ဘာလဲ❓
အလုပ်ခွင်ထဲမှာ PIT ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒါဟာ မိမိနဲ့ ဘယ်လိုသက်ဆိုင်သလဲဆိုတာကို အလွယ်ကူဆုံး သိရှိနိုင်ဖို့ အောက်ပါအတိုင်း အနှစ်ချုပ် ဖော်ပြပေးလိုက်ပါတယ်။
၁။ PIT ဆိုတာ ဘာလဲ❓
တစ်ဦးချင်း ဝင်ငွေခွန် (Personal Income Tax) ဆိုတာ မိမိရဲ့ လုပ်ခလစာဝင်ငွေအပေါ်မှာ အစိုးရကို ပေးဆောင်ရတဲ့ အခွန်တစ်မျိုး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမယ့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိပါတယ်။
၂။ ဘယ်သူတွေ ပေးဆောင်ရသလဲ❓
တစ်နှစ်စာ လစာဝင်ငွေ ကျပ် (၄၈) သိန်း (တစ်လ ပျမ်းမျှ ၄ သိန်း) ထက် ပိုတဲ့သူတိုင်းဟာ အခြေခံအားဖြင့် အခွန်ပေးဆောင်ဖို့ တာဝန်ရှိသူစာရင်းထဲမှာ ပါဝင်ပါတယ်။
၃။ အခွန်ကို ဘယ်လိုပေးဆောင်ရသလဲ❓
အလုပ်ရှင် (Employer) က ဝန်ထမ်းရဲ့ လစာထဲကနေ အခွန်ကို ကြိုတင်တွက်ချက် ဖြတ်တောက်ပြီး သက်ဆိုင်ရာ အခွန်ရုံးကို လစဉ် ပေးသွင်းပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ မိမိကိုယ်တိုင် ပေးဆောင်စရာ မလိုဘဲ မိမိ Company မှ ဝန်ထမ်းများကိုယ်စား ပေးဆောင်ပေးနိုင်ပါတယ်။
၄။ အခွန်သက်သာခွင့် (Reliefs) ဆိုတာ ရှိလား❓
ရှိပါတယ်။ အခွန်မတွက်ချက်ခင်မှာ မိမိမှာရှိတဲ့ အခြေခံအချက်အလက်တွေဖြစ်တဲ့ – အခြေခံ သက်သာခွင့် 20% (သိန်း ၁၀၀ ထပ် မကျော်ရ)၊ အသက်အာမခံ Premium၊ အတူနေမိဘ၊ အိမ်ထောင်ဖက် (ဇနီး/ခင်ပွန်း) သို့မဟုတ် သားသမီး ရှိခြင်းအပေါ် မူတည်ပြီး အခွန်ပေးဆောင်ရမယ့် ပမာဏထဲကနေ ဥပဒေသတ်မှတ်ချက်အတိုင်း ပြန်လည်နုတ်ပယ်ခွင့် (သက်သာခွင့်) တွေ ရရှိမှာ ဖြစ်ပါတယ်။
၅။ အခွန်ဆောင်ထားရင် ဘာအကျိုးရှိလဲ❓
အခွန်ပုံမှန်ဆောင်ထားခြင်းက မိမိရဲ့ ဝင်ငွေဟာ တရားဝင်ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ ဒါဟာ နောင်တစ်ချိန်မှာ အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်း၊ ကားဝယ်ယူခြင်းတွေမှာ “ငွေဖြူ” အဖြစ် သုံးစွဲနိုင်သလို ပြည်ပထွက်ခွာဖို့ ဗီဇာလျှောက်ထားတဲ့အခါမှာလည်း အရေးကြီးတဲ့ အထောက်အထား ဖြစ်လာပါတယ်။
ဒါကြောင့် PIT ဆိုတာ ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ နိုင်ငံသားကောင်းတိုင်း သိထားသင့်တဲ့ အခြေခံ အသိပညာတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ လစာထဲက အခွန်ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက မိမိတို့ ကုမ္ပဏီရဲ့ HR ဌာနမှာ ပွင့်ပွင့်လင်းလင်း မေးမြန်းတိုင်ပင်နိုင်ပါတယ်။
PIT ပေးဆောင်ခြင်းအတွက်အသေးစိတ်သိရှိလိုပါကလည်း 📞 +959 258 289 804 (သို့) [email protected] သို့ ဖြစ်စေ ဆက်သွယ်မေး မြန်းစုံစမ်း နိုင်ပါ တယ်။
#Ammon #Payroll_Outsourcing_Service #PIT



