မိမိရွေးချယ်ထားတဲ့ Career မှာ Professional Life တစ်ခု ဖန်တီးချင်တယ်ဆိုရင် ဒီအချက်တွေ မလုပ်သင့်ပါဘူးနော်…

လက်အောက်ငယ်သားကိုဖြစ်စေ၊ မိမိလုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုဖြစ်စေ လုပ်ငန်းခွင်အတွင်း ဘက်လိုက်ပြီး ခွဲခြားဆက်ဆံခြင်းကမလိုလားအပ်တဲ့ ပြဿနာများကို ဖြစ်စေပါတယ်။ ဒါ့အပြင် လူမျိုး၊ ဘာသာ နှင့် လိင်စိတ်တိမ်းညွှတ်ခြင်းများအပေါ်ခွဲခြားဆက်ဆံခြင်းက မိမိ Image ကိုလည်းထိခိုက်စေနိုင်တဲ့ အပြင် ခွဲခြားဆက်ဆံခံရသူအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။

Personal Life ကအကြောင်းအရာတွေ၊ ခံစားချက်တွေကို လုပ်ငန်းခွင်အတွင်း မယူဆောင်လာသင့်ပါဘူး။ မိမိရဲ့ မိသားစုပြဿနာများ၊ အချစ်ရေး၊ လူမှုရေး အစရှိတဲ့လုပ်ငန်းခွင်နှင့် မသက်ဆိုင်သော အရာများကို မိမိရဲ့ Professional Life ထဲကို ယူဆောင်လာပါက နောက်ဆက်တွဲအနေနဲ့ ဆိုးကျိုးတွေရှိလာနိုင်လို့ ရှောင်ကျဉ်သင့်ပါတယ်

လုပ်ငန်းခွင်မှာ အတင်းပြောတာ၊ မဟုတ်မမှန် မသေချာတဲ့ သတင်းတွေ ပြောဆိုမျှဝေခြင်းကလည်း လုပ်ငန်းတွင်းမိမိပုံရိပ်ကို ထိခိုက်စေပြီး မကောင်းသောအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်

မိမိလုပ်ဆောင်ရမယ့် Task များအပေါ်လိုအပ်တာထက်ပို၍ Complain တက်ခြင်းကလည်း Professional မဆန်တဲ့ လုပ်ရပ်တစ်ခုဖြစ်သွားနိုင်ပါတယ်။ အလွန်အကျွံ Complain မတတ်ဘဲ မိမိရဲ့ အဆင်မပြေမှုတွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီး ဖြေရှင်းချက်ရှာခြင်းက Professional Career တစ်ခုတည်ဆောက်တဲ့အခါ ပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

ခေတ်ရေစီးကြောင်းအလိုက် fashion အမြင်များကျယ်ပြန့်လာသည်နှင့် အမျှ ဝတ်ပုံစားပုံများကလည်း တဆင့် မြင့်လာပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်လာတဲ့အခါ လုပ်ငန်းခွင်တဲ့ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုဝတ်ဆင်ခြင်းကလည်း ကိုယ့်ရဲ့ Professional Life ကို ကောင်းမွန်တဲ့ပုံရိပ်ထင်ဟပ်စေပါတယ်။

လုပ်ငန်းခွင်အတွင်း မိမိကြောင့် အမှားတစ်စုံတစ်ရာရှိလာခဲ့ပါက တာဝန်ယူတတ်ရပါမယ်။ မိမိအနေနှင့် ကိုင်တွယ်ရန်ခက်ခဲသော ကိစ္စရပ်များအတွက် အလွန်အကြူး ကတိကဝတ်ပြုခြင်းများ ကိုလည်းယခင်ထဲကရှောင်ကြဉ်သင့်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများက Professional Life တစ်ခုတည်ဆောက်ရာမှာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်
လုပ်ငန်းခွင်မှာ အမှတ်မထင်လုပ်မိတတ်တဲ့ သတိထားစရာ အချက်လေးတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်။