HR Managed Service Emplyee Service

Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) မှာ ဘယ်လိုအချက်အလက်တွေနဲ့ ပါ၀င်သင့်သလဲ ?

Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) မှာ ဘယ်လိုအချက်အလက်တွေနဲ့ ပါ၀င်သင့်သလဲ ❓
 
Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) ဆိုတာကတော့ စီးပွားရေးလုပ်ငန်းများ ၊ အဖွဲ့အစည်းများ နှင့် HR ဌာနအတွက် ဝန်ထမ်းရေးရာကိစ္စရပ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်ဖို့အတွက် မဖြစ်မနေရှိထားရမယ့် Tools တွေထဲကတစ်ခု လို့ဆိုနိုင်ပါတယ်။
 
လူကြီးမင်းတို့ ကုမ္ပဏီ အဖွဲ့အစည်းများ ၏သတ်မှတ်ချက်များ၊ တည်ဆဲဥပဒေများနှင့် HR ပညာရပ်ပိုင်းဆိုင်ရာရှု့ထောင် စသည့် ကဏ္ဍ (၃) ခုပေါင်းစပ်၍ မိမိလုပ်ငန်းနှင့်ကိုက်ညီသော Employee Handbook ကို ရေးသားထားရန်လိုအပ်ပါတယ်။
 
Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) ရေးသားထားခြင်းအားဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များတွင် မလိုလားအပ်သော ပြဿနာများအား လျော့ချပေးပြီး အေးချမ်းသာယာတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာစေနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ် လုပ်ကိုင်နိုင်ရန်နှင့် တိုးတက်စေရန်အတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။
 
ဝန်ထမ်းလက်စွဲစာအုပ်မှာ ဘယ်လို အချက်အလက်တွေပါဝင်သင့်သလဲ ❓
Employee Handbook ရေးဆွဲရာတွင် ယေဘုယျအားဖြင့်ပါဝင်ရမည့် အချက်များ –
✅ ဝန်ထမ်းလက်စွဲစာအုပ်အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရည်ရွယ်ချက် (Introduction & purpose of the employee handbook)
✅ Company နဲ့သက်ဆိုင်သော အကြောင်းအရာများ (About of Company, Vision, Mission, Goal/ Value)
✅ ဝန်ထမ်းအမျိုးအစားနှင့် ရာထူးအဆင့်သတ်မှတ်ချက်များ
✅ ဝန်ထမ်းရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ
✅ သတ်မှတ် အလုပ်ချိန်၊ နားရက်နှင့် ပိတ်ရက်များ
✅ အချိန်ပိုခံစားခွင့်နှင့် ခွင့်ရက်သတ်မှတ်ချက်များ
✅ လုပ်ခ/လစာ သတ်မှတ်ချက်နှင့် အခြားအကျိုးခံစားခွင့်များ
✅ စွမ်းဆောင်ရည်အကဲဖြတ်မှုပုံစံ သတ်မှတ်ချက်များ
✅ ရာထူးတိုးမြှင့်ခြင်းနှင့် ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ
✅ ဝန်ထမ်း နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် ထုတ်ပယ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ
✅ လေ့ကျင့်သင်ကြားပေးခြင်းနှင့် စွမ်းဆောင်ရည်တိုးတက်မှု သတ်မှတ်ချက်များ
✅ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ
✅ ကုမ္ပဏီအချက်အလက်နှင့် ကုမ္ပဏီပိုင်ပစ္စည်းများဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခြင်း
✅ စည်းမျဉ်းစည်းကမ်းနှင့် အရေးယူဆောင်ရွက်ပုံ သတ်မှတ်ချက်များ
 
စသည့်အချက်များအပြင် မိမိလုပ်ငန်းနှင့်ကိုက်ညီသော အခြားလိုအပ်သည့် သတ်မှတ်ချက်များအား ထပ်မံ၍ ထည့်သွင်းရေးဆွဲထားရန် လိုအပ်ပါသည်။
 
လူကြီးမင်းတို့၏ ကုမ္ပဏီများ အဖွဲ့အစည်းများအတွက် တိကျခိုင်မာသော Employee Handbook များလိုအပ်လာပြီ ဆိုရင်တော့ မတူညီသော လုပ်ငန်းခွင်အမျိူးအစားများအား တာ၀န်ယူဆောင်ရွက်ပေးနေသော Ammon ၏ HR Managed Service အကြောင်းအား ရှင်းပြပေးချင်ပါတယ်။
 
Ammon ၏ HR Managed Service တွင်
🎯 ၀န်ထမ်းရေးရာနှင့် ပတ်သက်သည့် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား ရေးဆွဲပေးခြင်း
 
🎯 လက်ရှိသတ်မှတ်ကျင့်သုံးနေသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအား သုံးသပ်အကဲဖြတ်ပေးခြင်းနှင့် ပြင်ဆင်ရန် လိုအပ်ပါက အသစ်ပြန်လည်ရေးဆွဲပေးခြင်း စသည့် ဝန်ဆောင်မှုများအား တာ၀န်ယူ ဆောင်ရွက်ပေးနေပါပြီ။
 
👉 လူကြီးမင်းတို့ ကုမ္ပဏီနှင့်အဖွဲ့အစည်းများအတွက် စနစ်ကျသော HR ရေးရာ မူဝါဒများချမှတ်ရန်နှင့် ပြင်ဆင်ရန် လိုအပ်လာပါက လုပ်ငန်းအဖွဲ့အစည်း၏ အမည်၊ ဆက်သွယ်ရမည့် Contact Person ဖုန်းနံပါတ်တို့အား Chat Box မှပေးပို့ထားနိုင်ပါတယ်။
 
👉 http://bit.ly/AmmonContactForm တွင် ဖြည့်သွင်းထားရုံဖြင့်လည်း Ammon Consulting (Myanmar) ၏ Business Consultant များမှ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးမှာဖြစ်ပါသည်။
 
For HRM Service, Payroll Outsourcing, Contract Staffing & HR Training Service : +959 258289804
For Talent Search Service : +959 449611667, +959 401520365
 
Send message via your Messenger App
Scroll to Top
Scroll to Top