Unexpected Payroll Mistake Payroll Outsourcing Yangon

မထင်မှတ်ပဲ မှားတတ်သော Payroll အမှား များ

Unexpected Payroll Mistakes for HR 🤷‍♀️
မထင်မှတ်ပဲ မှားတတ်သော Payroll အမှား များ 🤷‍♀️
💲 လစာတွက်ချက်ပေးနေသော HR များ အနေဖြင့် တစ်ခါတစ်ရံမှာ မထင်မှတ်ပဲ အကြောင်းအမျိူးမျိူးကြောင့် အမှားများ တွေ့နိုင်ပါတယ်

ဒါဆိုဘယ်လို အမှားတွေက မှားနေကြလဲ ဘယ်လိုပြင်ဆင်ဆင်သင့်သလဲကို ဖတ်ကြည့်လိုက်ကြရအောင် 👇

🔶 လစာနှင့် သက်ဆိုင်သည့် ဥပဒေများအား သေသေချာချာ မသိခြင်း 👩‍🎓
✅  အနည်းဆုံးလုပ်ခ လစာ သတ်မှတ်ချက်နှင့် နေ့စား၊ ပုတ်ပြတ်၊ အမြဲတမ်း ဝန်ထမ်းများ၏ လစာသတ်မှတ်ချက်၊ တွက်ချက် ထုတ်ပေးရမည့် ပုံစံများ
✅  OT ကြေး ပေးရမည်ဆိုပါက တွက်ချက်ရမည့် သတ်မှတ်ပုံစံများ၊
✅  ဖြတ်တောက်ခွင့်ရှိသော ခွင့်အမျိုးအစားနှင့် ဖြတ်တောက်ခွင့်မရှိသော ခွင့်အမျိုးအစားများ၊
✅  လစာထဲမှ နှုတ်ယူဖြတ်တောက်နိုင်သည့် သတ်မှတ်ချက်၊ ဒဏ်ကြေးနှင့် လိုက်နာရမည့်စည်းကမ်းများ၊
✅  အခြား လူမှုဖူလုံရေးကြေး၊ လစာဝင်ငွေခွန်နှင့် လစာ (အခကြေးငွေ) ပေးချေရမည့် နည်းလမ်းနှင့်သတ်မှတ်ချက်ပုံစံများအပြင်
✅  ဥပဒေနှင့်မဆိုင်သည့် Company မှသတ်မှတ်ထားသည့် အခြားအကျိုးခံစားခွင့်များ

စသည့်အချက်အလက်များစွာအား သတ်မှတ်ဥပဒေများနှင့်အညီ လိုက်နာဖို့လိုအပ်ပါတယ်။

🔶 Attendance တိတိကျကျမရခြင်း
အလုပ် လာရဲ့သားနှင့် attendance မဝင်မိလို့ ဆိုတဲ့ complain တွေကို HR တိုင်းကြုံတွေ့နေရပါတယ်။

Fingerprint or manual attendance ထား‌သော်လည်း စနစ်တကျ မရှိခြင်းကြောင့် daily attendance မလုပ်နိုင်ခြင်း ၊ ဒီလိုမျိူးမဖြစ်အောင် Policies & Procedures တွေကို တိတိကျကျလေး သက်မှတ်ထားသင့်ပါတယ်။

🔶 ဝန်ထမ်းများ၏ အချက်အလက်များ မှားထည့်ခြင်း

နာမည် စာလုံးပေါင်းမှားခြင်း ၊ bank account number မှားခြင်း ၊ သက်ဆိုင်သော bank account မသုံးခြင်း တို့ကြောင့် လစာထုတ်သော အချိန်ဖြစ်စေ ၊ လစာ လွှဲသောအချိန်ဖြစ်စေ အတော်လေး ကမောက်ကမ ဖြစ်ရပါတယ်။

🔶 Documentation/Data များ မှားခြင်း
ခွင့်ယူထားသော ဝန်ထမ်းတွေမှာ လစာပြည့်ခွင့် ၊ လစာမဲ့ခွင့် အစရှိသော Data များကို ရှင်းရှင်းလင်းလင်း မလုပ်ထားပါက Payroll ရက်တွေမှာ အခက်အခဲ ကြုံတွေ့ရနိုင်ပါတယ်။
📌 ဒါကြောင့် leave balance ကိုလည်း လစဉ် update လုပ်ဖို့မမေ့အောင် ဂရုစိုက်ပေးပါ။
အစိုးရ ရုံးဌာနများသို့ သွားရတဲ့အခါ Employee information များကိုလည်း Hard copy သာမက Soft copy ကိုပါ အရန်သင့် backup ထားသင့်ပါတယ်။
📌 ဥပမာ ဝန်ထမ်းအကျိုးခံစားခွင့်အတွက် အစိုးရရုံးဌာနများသို့ အချက်အလက်များပေးရတဲ့ခါ Hard copy typing မှားနေတဲ့အခါမျိူးတွေမှာဆိုရင် Soft copy backup ထားရှိမှသာ အစိုးရုံးများအတွက် information ပေးတဲ့အခါအလွယ်တကူထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
📢 ဝန်ထမ်းများ၏ လစာတွက်ချက်မှု့ ပိုင်းဆိုင်ရာ ပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရပြီဆိုရင် Ammon မှ တာဝန်ယူ ကူညီဆောင်ရွက်ပေးပါရစေ

Ammon
မှ ဝန်ဆောင်မှု့ ပေးနေသော Payroll Outsourcing Service တွင်
✅ မြန်ဆန်တိကျစွာဖြင့် Payroll Calculation များ ဆောင်ရွက်ပေးခြင်း
✅ လစာများအား သက်မှတ်ရက်အတွင်း ဝန်ထမ်းများ၏ bank account များသို့ ထည့်သွင်းပေးခြင်း
✅ လူမူဖူလုံရေးကြေး၊ ဝင်ငွေခွန် များအား Ammon Consulting (Myanmar) ၏ Payroll Team မှ အစိုးရ ဌာနဆိုင်ရာရုံးများသို့ လူကြီးမင်းသို့ ကုမ္ပဏီ ကိုယ်စား သွားရောက် ပေးဆောင်ခြင်း

✅ Payroll , Pay Slip, SSB/ Income Tax Reports အမျိူးမျိူးအား ပေးပို့ခြင်း အစရှိသည့် ဝန်ဆောင်မှု့များကို လူကြီးမင်း ကိုယ်တိုင်ဖြစ်စေ ၊ HR Department မှ လှည့်ကြည့်စရာ မလိုလောက်အောင် Ammon မှ ဝန်ဆောင်မှု့ပေးနေဖြစ်ပြီး

ဝန်ထမ်းများ၏ SSB/Income Tax များအား သက်ဆိုင်ရာ Government Office များသို့ ပေးဆောင် ပေးသည့်
✅ SSB/Income Tax Contribution ကိုလည်း ဝန်ဆောင်မှု့ အသစ်အနေဖြင့် သီးသန့် ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက

☎️ +959 258289804 သို့ ရုံးချိန် (8:30 AM – 5:15PM) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါပြီ

Contact Form ဖြည့်သွင်းထားရုံဖြင့်လည်း Ammon Consulting (Myanmar) Sale Team မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။
Send message via your Messenger App
Scroll to Top
Scroll to Top