Earned Leave VS Annual Leave

Earned Leave နဲ့ Annual Leave ခွင့် (၂)မျိုးကို HR Professional များရောထွေးမှု မရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။
 
HR နယ်ပယ် မှ သူများရော၊ ကုမ္ပဏီဝန်ထမ်းတော်တော်များများရောက Annual Leave နှင့် Earned Leave ခွင့် (၂) မျိုးကို တူညီသည်ဟုအမှတ်မှားပြီး ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှု ပိုင်းမှာ အခက်ကြုံရလေ့ရှိပါတယ်။ 🙎🏻‍♀️
 
ဒါကြောင့် Earned Leave နဲ့ Annual Leave ကြားခြားနားချက်ကို သေချာသိရှိနားလည်စေရန် ဖော်ပြပေးလိုက်ပါတယ်။
 
👉🏻 Earned Leave ဆိုတာက လုပ်သက်ခွင့်ဖြစ်ပါတယ်
 
၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ ၊ ပုဒ်မ (၄) အရ ဝန်ထမ်းသည် ၊ တစ်လလျှင် အနည်းဆုံး နှစ်ဆယ်ရက် အလုပ်လုပ်ခဲ့သူလည်းဖြစ်ဖို့ လိုအပ်ပါတယ်။
 
ထို့အပြင် အလုပ်ကို တဆက်တည်း (၁၂)လပြည့်အောင် လုပ်ပြီးလျှင် နောင်လာမည့် ဆယ့်နှစ်လအတွက် လုပ်သက်ခွင့် (၁၀) ရက် ကိုခွင့်ပြုရမယ်လို့ ဆိုထားပါတယ်။
 
အကယ်၍ ၀န်ထမ်းဟာ ရက်(၂၀)ပြည့်အောင် မလုပ်ခဲ့ဖူးဆိုရင် လစဥ် လုပ်သက်ခွင့်ရက်မှ တရက်စီ အဖြတ်ခံရမည် လို့ ပြဌာန်းထားပါတယ်။
 
အလုပ်မှ နှုတ်ထွက်လျှင်ဖြစ်စေ၊ထုတ်လျှင်ဖြစ်စေ၊သေဆုံးလျှင်ဖြစ်စေ (ထုတ်၊ ထွက်၊ သေ)လုပ်သက်ခွင့်လက် ကျန်ကို ငွေသားဖြင့်တွက်ချက်ထုတ်ပေးရပါမယ်။
 
👉🏻 Annual leave က Service Year အပေါ်မှာ ပေးတဲ့ ခွင့်ဖြစ်ပြီး မြန်မာလို ပြန်မယ်ဆိုရင် နှစ်ပတ်လည် ခွင့် ဟု အဓိပ္ပာယ် ရပါတယ်။
 
Earned leave ကဲ့သို့ လုပ်သက်တစ်နှစ်ပြည့်ပြီး တစ်လမှာ ဘယ်နှစ်ရက် အလုပ်လုပ်ခဲ့ရမယ်ဆိုတာမျိုး ကန့်သတ်ထားခြင်း မရှိဘဲ လုပ်သက် ကာလ ဘယ်နှလပြည့်ပြီးရင် Annual leave ကို စတင်ခံစား လို့ရ တယ် ဆိုတာမျိုးပဲ သတ်မှတ်ထားလေ့ရှိပါတယ်။
 
ဥပမာ စင်ကာပူနိုင်ငံရဲ့ Annual Leave မှာဆိုရင်
 
၀န်ထမ်း ၏ လုပ်သက်(၃)လကျော်သည်မှစတင်၍ ရယူခံစားနိုင်ပြီး ဝန်ထမ်း၏ လုုပ်သက်(၁)နှစ်တာအတွင်း (၇)ရက်ရယူခံစားနိုင်ပါတယ်။
 
လုပ်သက်၏ ပထမ(၁)နှစ်အတွင်း(၇) ရက်ရရှိနိုင်ပြီး
✅ လုပ်သက် (၂ )နှစ်အတွင်း (၈)ရက်
✅ လုပ်သက်၏ (၃)နှစ်အတွင်း (၉)ရက်
✅ လုပ်သက်၏ (၄)နှစ်အတွင်း (၁၀)ရက်
✅ လုပ်သက်၏ (၅)နှစ်အတွင်း (၁၁)ရက်
✅ လုပ်သက်၏ (၆)နှစ်အတွင်း (၁၂)ရက်
✅ လုပ်သက်၏ (၇)နှစ်အတွင်း (၁၃)ရက်
✅ လုပ်သက်၏ (၈)နှစ်အတွင်း (၁၄)ရက်
✅ လုပ်သက် (၉) နှစ်မှစ၍ ကျန်သောနှစ်များအတွက် လုပ်သက်(၁)နှစ်လျှင် (၁၄)ရက်စီ သက်မှတ်ထားသောကြောင့် လုပ်သက်အလိုက် အဆင့်ဆင့်တိုးမြှင့်ရရှိသော ခွင့်အမျိုးအစားဖြစ်ပါတယ်။
 
Singapore နိုင်ငံ၏ Ministry of Manpower မှ သက်မှတ်ပြဌာန်းထားသော Annual Leave နှင့် စပ်လျဥ်း၍ အသေးစိတ်သိရှိလိုပါက https://www.mom.gov.sg/employment-practices/leave/annual-leave တွင် လေ့လာနိုင်ပါတယ်။
 
ကုမ္ပဏီလုပ်ငန်းများရှိ ၀န်ထမ်းများက မှားယွင်းယူဆနေကြသော်လည်း နှစ်ခုသည် ဆင်သယောင်ယောင်နှင့် အတော်ပင်ခြားနားတာကိုတွေ့ရှိရပါမယ် 🤷🏻‍♀️🤷🏻‍♀️🤷🏻‍♀️
 
လူကြီးမင်းတို့ လက်ရှိ အလုပ်မှာ ဘယ်လိုခွင့်အမျိူးအစားတွေ ပေးနေလဲဆိုတာကို Comment Section မှာ ပြန်လည်ဝေမျှပေးဖို့ ဖိတ်ခေါ်လိုက် ပါတယ်ရှင့် 🙋🏻‍♀️
 
အခြားသိလိုသော အကြောင်းအရာများကိုလည်း ဖုန်းနံပါတ် +959 258289804 သို့ဖြစ်စေ Page Messenger သို့ဖြစ်စေဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
 
Let Us Take Care Of Your HR 👩‍💼
 
For HRM Service, Payroll Outsourcing, Contract Staffing & HR Training Service : +959 258289804
 
For Talent Search Service : +959 258289804
 
#AnnualLeave #EarnedLeave
#AmmonConsultingMyanmar #HRTrainingYangon
#PayrollOutsourcingServiceYangon #ContractStaffingYangon #TalentSearchYangon #HRManagedServiceYangon #RecruitmentServiceYangon #HRConsultin
Send message via your Messenger App
Scroll to Top
Scroll to Top