Employee Handbook Yangon Myanmar

Employee Handbook

Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) ရှိခြင်း၏ အကျိူးကျေးဇူး နှင့် သတိထားရမည့် အချက်များ 👩‍💼
 
Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) ဆိုတာ စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ HR ဌာနအတွက် ဝန်ထမ်းရေးရာကိစ္စရပ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် မဖြစ်မနေရှိထားရမယ့် Tools တွေထဲကတစ်ခု လို့ဆိုနိုင်ပါတယ်။
 
ယခင်အပတ်က Employee Handbook မှာပါ၀င်သင့်သော အချက်အလက်များရှင်းပြခဲ့ပြီးဖြစ်ပြီး ဒီတစ်ခေါက်ကတော့ Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) ရှိထားခြင်းကြောင့် ရရှိလာမည့် အကျိူးကျေးဇူးနှင့် တိကျသေချာတဲ့ Employee Handbook ရေးဆွဲထားခြင်း မရှိထားဘူးဆိုရင် ဖြစ်လာနိုင်ချေရှိတဲ့ အကြောင်းအရာ အချို့ကိုမျှဝေပေးလိုပါတယ်။
 
Employee Handbook ထားရှိခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများ 🤗
 
မိမိအဖွဲ့အစည်း၏ သတ်မှတ်ချက်များ၊ တည်ဆဲဉပဒေများနှင့် HR ပညာရပ်ဆိုင်ရာရှု့ထောင် စသည့် ကဏ္ဍ (၃) ခု ပေါင်းစပ်၍ မိမိလုပ်ငန်းနှင့်ကိုက်ညီတဲ့ Employee Handbook ကို ရေးဆွဲထားမည်ဆိုရင် –
 
🎯 မလိုလားအပ်သော အမှားများအား လျှော့ချပေးနိုင်ခြင်း Employee handbook ပါ သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းဟာ ထင်သာမြင်သာရှိရှိ စနစ်တကျသတ်မှတ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက် နိုင်တယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ချက်တစ်ခုကို မရှင်းလင်း၍ အမှားလုပ်မိတယ်ဆိုတာ လျော့ကျ သွားစေမှာဖြစ်ပါတယ်။
 
🎯 ဝန်ထမ်းရေးရာဆက်ဆံမှု တိုးတက်ကောင်းမွန်စေခြင်း ဝန်ထမ်းရေးရာကိစ္စရပ်များအား စီမံခန့်ခွဲရာတွင် မလိုလားအပ်သော အငြင်းပွားမှုများ၊ ပြဿနာများအား လျော့ချပေးပြီး အေးချမ်းသာယာတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာနိုင်စေသည့်အပြင် စီမံခန့်ခွဲမှုပိုင်းနှင့် ဝန်ထမ်းများအကြားတွင် ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ပါတယ်။
 
🎯 မိမိလုပ်ငန်းအဖွဲ့အစည်း၏ ပုံရိပ်တက်စေခြင်း တိကျသေချာတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိခြင်းအားဖြင့် မိမိတို့ လုပ်ငန်းအပေါ်မှာ ဝန်ထမ်းများ၏ ယုံကြည်မှုသာမက၊ ပြင်ပမှ အခြားသူများ၏ ယူဆချက်တွေကလဲ ကောင်းမွန် စေနိုင်မှာဖြစ်ပါတယ်။
 
Employee Handbook နှင့် ပတ်သတ်၍ သတိထားရမည့် အချက်များ 🤔
 
Employee handbook မရှိတာထက်စာရင်တော့ ရှိထားခြင်းက လုပ်ငန်းအဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန် ပါလိမ့်မယ်။ မိမိလုပ်ငန်းနဲ့ကိုက်ညီပြီး တိကျသေချာတဲ့ Employee Handbook ရေးဆွဲထားခြင်း မရှိထားဘူးဆိုရင် ဖြစ်လာနိုင်ချေရှိတဲ့ အကြောင်းအရာ အချို့ကိုမျှဝေပေးလိုပါတယ် 👇👇👇
 
🎯 မှီငြမ်းအသုံးပြုခြင်း
Employee Handbook စတင်ရေးဆွဲရာမှာ မှီငြမ်းအသုံးပြုခြင်းဆိုတာ ရှိတက်ကြပါတယ် ဒါပေမယ့် မိမိ၏အဖွဲ့အစည်း၏ သတ်မှတ်လုပ်ဆောင်ချက်များနှင့် အခြားသော မတူကွဲပြားမှုများကြောင့် မှီငြမ်း အသုံးပြုမှုတိုင်းဟာ အံ့ဝင်ခွင်ကျမရှိနိုင်တာ၊ အသုံးမတည့်တာမျိုးဖြစ်နိုင်ပါတယ်။
 
နောက်ပြီး Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) ဆိုတာ ရာထူးအဆင့်မရွေး အားလုံးနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် အလွယ်တကူဖတ်ရှု့နိုင်ပြီး နားလည် သဘောပေါက်လွယ်စေဖို့အတွက် အရေးသား၊ အသုံးနှုန်းများကအစ ဂရုတစိုက် ရေးသားရမှာဖြစ်ပါတယ်။
 
🎯 Update ဖြစ်ရန်လိုအပ်ခြင်း
ပြောင်းလဲနေတဲ့အခြေနေတွေ၊ ဥပဒေတွေနဲ့အညီ မိမိတို့လက်ရှိသုံးနေတဲ့ Employee Handbook ကိုလဲ ပြန်လည်သုံးသပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းများ လုပ်ပေးဖို့လိုအပ်ပါတယ်။
 
ထိုကဲ့သို့ ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းမရှိပါက ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုအပိုင်းတွင် HR ဌာနနှင့် ဝန်ထမ်းများ ကြားတွင် မလိုလားအပ်တဲ့ နားလည်မှုလွဲမှားခြင်း၊ ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းနှင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများအပေါ်တွင် ယုံကြည်မှုလျော့ကျလာပြီး On paper အနေဖြင့်သာလက်ခံထားခြင်းမျိုး ဖြစ်နိုင်ပါတယ်။
 
🎯 တိကျသေချာတဲ့ မူဝါဒများမရှိခြင်း
HR ဌာနအနေနဲ့ Employee Handbook မရေးဆွဲခင် မိမိလုပ်ငန်းအတွက် ဝန်ထမ်းရေးရာနဲ့ သက်ဆိုင်တဲ့ မူဝါဒနှင့်လုပ်ထုံးလုပ်နည်း (Policy & Procedure) တစ်နည်းအားဖြင့် HR Manual Guide တွေကို အရင်ဆုံးပြင်ဆင်သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ခိုင်မာတဲ့မူဝါဒတွေကိုအခြေခံပြီး ရေးဆွဲထား မှသာ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ချိန်တွင် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
 
လူကြီးမင်းတို့၏ ကုမ္ပဏီ/အဖွဲ့အစည်းများမှ Employee Handbook (ဝန်ထမ်းလက်စွဲစာအုပ်) ပါအချက်အလက်များအား မွမ်းမံရန်လိုအပ်နေပြီး ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲရန်လိုအပ်လာခဲ့ပါက Ammon မှ ကူညီဆောင်ရွက်ပေးပါရစေ
 
Ammon ၏ HR Managed Service တွင်
👉 ၀န်ထမ်းရေးရာနှင့် ပတ်သက်သည့် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား ရေးဆွဲပေးခြင်း
 
👉 လက်ရှိသတ်မှတ်ကျင့်သုံးနေသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအား သုံးသပ်အကဲဖြတ်ပေးခြင်းနှင့် ပြင်ဆင်ရန် လိုအပ်ပါက အသစ်ပြန်လည်ရေးဆွဲပေးခြင်း
 
တို့အား တာ၀န်ယူဆောင်ရွက်ပေးနေပါပြီ
 
လူကြီးမင်းတို့ ကုမ္ပဏီနှင့်အဖွဲ့အစည်းများအတွက် စနစ်ကျသော HR ရေးရာ မူဝါဒများချမှတ်ရန်နှင့် ပြင်ဆင်ရန် လိုအပ်လာပါက လုပ်ငန်းအဖွဲ့အစည်း၏အမည်၊ ဆက်သွယ်ရမည့် Contact Person ဖုန်းနံပါတ်တို့အား [email protected] မှပေးပို့ထားနိုင်ပါတယ်။
 
👉 http://bit.ly/AmmonContactForm တွင် ဖြည့်သွင်းထားရုံဖြင့်လည်း Ammon Consulting (Myanmar) ၏ Business Consultants များမှ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးမှာဖြစ်ပါသည်။
Send message via your Messenger App
Scroll to Top
Scroll to Top