• • • သင်္ကြန်အလွမ်း • • •
အမေအနိုး သပြေထိုးခဲ့တဲ့
အတာအိုးကလေးကို လွမ်းသေးတော့။
သင်္ကြန်နံ့ တသင်းသင်းနဲ့
သင်္ကြန်ထမင်းကလေးကို လွမ်းသေးတော့။
ဥပုသ်ဇရပ် သီလခံ
အိမ်အပြန် ငွေဖလားနဲ့
အဘိုးအဘွားတို့ကို ရေကန်တော့
လှည်းယာဉ်ကြော့ကလေးကို လွမ်းသေးတော့။
အိုးစည်လက်သံ ဗေထုံညံလို့
သင်္ကြန်မင်းသား လှောင်ပြောင်သွားတဲ့
သံချပ်များကိုလည်း လွမ်းသေးတော့။
အနောက်အရပ်က ပိတောက်တသသနဲ့
မျောက်က ကကြတာလည်း လွမ်းသေးတော့။
မြန်မာ့သင်္ကြန် မြန်မာ့ဟန်ကို
မြန်မာမှန်သမျှ မမေ့ကြဘူး
အဝေးကပဲ လွမ်းသေးတော့။
တင်မိုး (၈ – ၄ – ၂၀၀၁ _ တနင်္ဂနွေ နံနက်ခင်း)
သင်္ကြန်ကာလအတွင်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ဘေးအန္တရာယ်များ ဝေးကွာကြပါစေ။
#Ammon #Thingyan2026



