Recruitment Agency Yangon Myanmar LinkedIn

How to Make a Better LinkedIn Professional Profile !

How to Make a Better LinkedIn Professional Profile ❗

Professional LinkedIn Profile တစ်ခု မှာ ဘယ်လို အချက်တွေ ပါသင့်သလဲ ❓

📣 LinkedIn ဟာ Professional Platform တစ်ခုဖြစ်တာနှင့်အညီ အလုပ်ခန့်အပ်ပေးသော HR/Recruitment Manager များဟာ FACEBOOK တစ်ခုတည်း မဟုတ်ဘဲ LinkedIn Company Page/Profile များတွင် လစာကောင်းသော အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ကြေငြာနေကြပါပြီ။

📣 Recruiter များဟာ သင့် လုပ်ငန်း experience , skills များပေါ်မူတည်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာ ကမ်းလှမ်းနိုင်တာကြောင့် LinkedIn Profile Account တစ်ခု ဖွင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။

📣 ၂၀၂၁ ခုနစ် မြန်မာပြည်တွင်း LinkedIn အသုံးပြုမှု့ အရေအတွက်ဟာ 624,500 အထိ ရောက်ရှိလာပြီဖြစ်ပါသည်။

📣 LinkedIn ဟာ တိုးတက်မှု့ အမြန်ဆုံး Platform တစ်ခုဖြစ်တဲ့အတွက် လူတိုင်း Profile တစ်ခု ဖွင့်ပြီး ဘာတွေ ပြင်ဆင်ထားသင့်သလဲ ဆိုတာကို ပြော‌ပြသွားမှာ ဖြစ်ပါတယ်ခဗျာ။

🎯 Register ဘယ်လို လုပ်ရမလဲ ?
www.linkedin.com မှာ Gmail နှင့် စတင် account သစ် ဖွင့်နိုင်သလို Play Store နှင့် App Store တွေမှတစ်ဆင့်လည်း Application ကို download ဆွဲပြီး Account ဖွင့်ထားလို့ရပါတယ်။
👉 Android Download Link >> http://bit.ly/LinkedInPlayStoe
👉 ios Download Link >> https://bit.ly/LinkedInAppStore
တစ်ခုသတိထားရမှာက professional အများစု သုံးတဲ့ Platform တစ်ခုဖြစ်တာကြောင့် LinkedIn Account name ရွေးမယ်ဆိုရင် နာမည်အရင်းကိုသာ အသုံးပြုပေးပါ။

Gmail/Email address ကို မိမိ နာမည်ပါတဲ့ email ကိုသာ အသုံးပြုရန် အကြံပြုလိုပါတယ်

🎯 Profile photo ဘယ်လိုရွေးမလဲ ?

LinkedIn profile တစ်ခု တွင် ဓာတ်ပုံ က အရေးပါလှပါတယ်။ သာမာန် အပျော်ရိုက် selfie ပုံထက်စာရင် ရုံးတွင်း (သို့မဟုတ်) suit/coat တို့နှင့် ရိုက်ထားသော မျက်နှာ ပုံစံ ကိုသာ ထည့်သွင်းသင့်ပါတယ်။

🎯 Job Titles & Skills အရေးပါမှု့

Recruiter အများစုဟာ position နှင့် ကိုက်ညီတဲ့သူတွေကို ရှာတဲ့ အခါမှာ job titles, job responsibilities နှင့် skills ကို အများဆုံး ကြည့်ပြီး job opportunities များကမ်းလှမ်းလေ့ရှိတာကြောင့် မဖြစ်မနေ ထည့်သွင်းဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် Job titles, Job responsibilities နှင့် skills များ ပြည့်စုံစွာ ထည့်သွင်းထားသော Profile များဟာ သာမာန် profile များထက် ပိုပြီး LinkedIn Profile ranking ကောင်းကောင်းနှင့် ရှာဖွေဖို့ ပိုလွယ်ကူစေပါတယ်။

🎯 Recommendation & Endorsement တောင်းခံနိုင်ပါတယ်

LinkedIn မှာ ယခင် အလုပ်ရှင် ၊ manager နှင့် လုပ်ဖော်ကိုင်ဖက် များထံမှ ယခင် အလုပ်မှာ တက်ကျွမ်းသော skills ၊ လုပ်ရည်ကိုင်ရည် နှင့် အောင်မြင်စွာ စွမ်းဆောင်နိုင် ခဲ့တဲ့ achievements တွေ ကို တောင်းခံနိုင်ပါတယ်။

🎯 Network အများဆုံး ရှိအောင် ကြိုးစားကြည့်ပါ
LinkedIn မှာ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ် ၊ HR ၊ Recruiter စသည့် အသုံးပြုသူများအား network connect များ ပြုလုပ်ထားသင့်ပါတယ်။

Network အများအပြား ရှိခြင်းက အလုပ်အကိုင် အခွင့် အလမ်းကောင်းများ စွာကို ရရှိစေပါလိမ့်မယ်။

မိမိနှင့် Career ကိုက်ညီသူ နယ်ပယ်တူ လုပ်ဖော်ကိုင်ဖက် များနှင့်လည်း ချိတ်ဆက် connect ထားပြီး friendship တည်ဆောက်လို့ရသလို အလုပ်နှင့်ပက်သက်ပြီး knowledge များကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

LinkedIn Profile တစ်ခုမှာ network connection အား 30,000 အထိ ပြုလုပ်နိုင်မှာ ဖြစ်ပြီး limit ကျော်သွားခဲ့ပါကလည်း Follow ပြုလုပ်နိုင်ဦးမှာဖြစ်တဲ့အတွက် လူများများ network ပြုလုပ်ဖို့ အကြံပြုလိုပါတယ်။

🎯 အလုပ်ရှာနေသူများအတွက် Open to Work Features အသုံးပြုပါ
LinkedIn မှ Open to Work Features အသုံးပြုရန် မိမိ profile ထဲမှ Job Preferences setting ထဲတွင် Immediately, I’m actively applying ရွေးထားရပါမယ်။ လက်တလော အလုပ်ရှာနေသူများ အတွက် Profile Photo အား #OpenToWork Frame အသုံးပြု၍လည်း Recruiter များအား အသိပေးနိုင်ပါသေးတယ်။
Open To Work features အသုံးပြုသူများသည် သာမာန် profile များထက် 40% ပို၍ အလုပ်ရနိုင်ခြေများသည်ဟု LinkedIn Data များအရ တွေ့ရှိထားပါတယ်။

Profile Heading တွင် ” Looking for New Opportunities ” ရေး၍လည်း Recruiter များအား အသိပေးနိုင်ပါသေးတယ်။

🎯 Company Page များအား အမြဲစောင့်ကြည့်နေပါ

Company Pageကို follow လုပ်ထားမယ်ဆိုရင် အဆိုပါ company ၌ လက်ရှိလုပ်ကိုင်နေသော network များမှတစ်ဆင့်လက်ရှိ ခေါ်ယူနေသော အလုပ်အကိုင်အကိုင် အခွင့်အလမ်းကောင်းများ ကို တွေ့မြင်ရမှာဖြစ်သလို Company pageမှလည်းတိုက်ရိုက်သိနိုင်မှာဖြစ်ပါတယ်။

🎯 Free Course & LinkedIn Certificate !
LinkedIn ရဲ့နောက်ထပ်အသုံးဝင်တဲ့ Feature တစ်ခုကတော့ Free Learning Course ပဲဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်အလိုက်လေ့လာလို့ရတဲ့ Free Course တွေရှိပါတယ်။ မိနစ်ပိုင်းအချိန်ပေးပြီးလေ့လာပြီးတာနဲ့ Quiz ပါတစ်ခါတည်းဖြေလို့ရပါတယ်။
Quiz ဖြေပြီးတာနဲ့ Free Certificate များကိုပါ တစ်ခါတည်းထုတ်ယူနိုင်မှာဖြစ်ပါတယ်။
📣 Ammon Consulting (Myanmar) သည် ပြည်တွင်းရှိ ထိပ်တန်း company များ မှ အလုပ်အကိုင် အခွင့်အလမ်းများအားခေါ်‌ယူလျက်ရှိပါသည်။
📣 အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာ အား သိရှိနိုင်ရန် Ammon Consulting (Myanmar) LinkedIn Page အား follow ပြုလုပ်ထားလိုက်ပါ

Ammon LinkedIn Page >> http://bit.ly/AmmonLinkedIn

Ammon Telegram Channel>> https://t.me/ammonjobs

Send message via your Messenger App
Scroll to Top
Scroll to Top