ကိုယ်နဲ့ အကိုက်ညီဆုံး လုပ်ငန်းခွင်ကို စစ်ဆေးနိုင်မည့် Free Career Test 5 ခု 🖐️
မင်မင်တို့ ငယ်ငယ်တုန်းကတော့ အိမ်မက်ထဲက အလုပ်တွေကို ရွေးချယ်မယ်လို့ စိတ်ကူးထားပေမယ့်လည်း
ယခုခေတ်ကာလ ၊ ပညာရေး လုပ်ခလစာ အဖက်ဖက် အပေါ်မူတည်ပြီး ရွေးချယ်ရတဲ့အတွက် career နှင့် ကိုက်ညီမှု့ မရှိပဲ အလုပ်လုပ်နေရသူတွေ လည်းရှိတတ်ကြပါတယ်
ကိုယ့် လုပ်ငန်းခွင်အပေါ် ငြီးငွေ့လာပြီး burn out ဖြစ်နေကြတဲ့ သူတွေအတွက်လည်း Career ပြောင်းဖို့ အထောက်အကူ တစ်ခုဖြစ်နိုင်မည့်
အခမဲ့ စစ်ကြည့်နိုင်တဲ့ Career Test 5 ခု အား ဝေမျှပေးသွားမှာဖြစ်ပါတယ်
1. MAPP
The Motivational Appraisal Personal Potential (MAPP)
Test Link : https://www.assessment.com
ယခု Test ကတော့ ကျောင်းပြီးခါစ လူငယ်များ ၊ အလုပ် လက်မဲ့ လူငယ်လူရွယ်များ ၊ လက်ရှိလုပ်ငန်းခွင် နှင့် အဆင်မပြေသောကြောင့် အလုပ်သစ် ရှာနေသူများအတွက် ပို၍ သင့်တော်ပါတယ်။
Question များဟာ Psychologist ပညာရှင်များမှ စီစစ်ရွေးချယ် ပေးထားတာဖြစ်သည့်အတွက် ရလဒ်များဟာအတော်လေး တိကျပါတယ်
ဖြေပြီးတာနှင့် တပြိုင်နက်
👉 Career Motivations
👉 ရေပန်းစားနေသည့် Top 10 Career နယ်ပယ်များ
👉 ရလဒ်ပေါ်မူတည်ပြီး အလုပ်အကိုင်ပေါင်း 1000 နှင့်အထက်ကို ပြသပေးမှာဖြစ်ပါတယ်
2. Career Hunter
Test Link : https://www.careerhunter.io/tests/interests/take
ဒီ Test မှာတော့ ကိုယ်ရဲ့ စိတ်၀င်စားမှု့ အပေါ် မူတည်ပြီး ဘယ်လို Career နဲ့ သင့်တော်မလဲဆိုတာ စစ်ဆေးပေးမှာဖြစ်ပါတယ်။
Engineering, Healthcare, Entertainment , Science စတဲ့ နယ်ပယ်မှ မေးခွန်း ၂၇ ခု ကို ဖြေဆိုရမှာဖြစ်ပါတယ်။ ဒီ Test မှာ Career Interest ပေါ်မူတည်ပြီး ကိုယ်က ဘယ်လို career နဲ့ ကိုက်ညီလဲဆိုတာကို ရှာပေးမှာဖြစ်ပါတယ်။ အချိန်ကတော့ ၁၅ မိနစ်လောက်နဲ့တင်အပြီး ဖြေနိုင်ပါတယ်။
ဖြေပြီးသွားပြီဆိုရင် ကိုယ်တိုင်တောင် မသိသေးတဲ့ ဝါသနာပါတဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို သိနိုင်မယ်လို့တောင် ပြောထားပါတယ်။
3. Career Explorer
Test Link : https://www.careerexplorer.com/assessments/
Career Explorer ရဲ့ Career Test မှာဆိုရင် AI ကို အသုံးပြု၍ ကိုယ်ရဲ့ Interests ၊ goals ၊ လုပ်ငန်းခွင် အတွေ့အကြုံ ၊ Personality ၊ Workplace ပုံစံအစုံ ပေါ်မူတည်ပြီး ဖြစ်နိုင်ခြေရှိသည့် Career ကို ပြသပေးမှာဖြစ်ပါတယ်။
မေးခွန်းကတော့ ပျမ်းမျှအားဖြင့် အချိန် မိနစ်၃၀ ခန့်ပေးရမှာဖြစ်ပြီး အဖြေတွေကို
” Hate it , Dislike it , Neutral , Like it , Love It ” ဆိုပြီး
ယခု Test ကဘာထူးခြားလဲဆိုရင် ထပ်ပေါင်းထည့်လိုတဲ့ စိတ်၀င်စားမှု့ Interest Personality အစရှိတာတွေကို အချိန်မရွေး ပေါင်းထည့်နိုင်မှာဖြစ်ပြီး ရလဒ်တွေကို ချက်ချင်း ပြသပေးနိုင်ပါတယ်။
4. 123 Career Test
Test Link : https://www.123test.com/career-test/
ယခု Test ကတော့ Holland Codes အပေါ်အခြေခံထားပြီး ကိုယ်ရဲ့ Personality ကနေ ကိုယ်က ဘယ်လို Working Activity ၊ Personality ၊ Workplace Environment တွေမှာ စိတ်၀င်စားလဲကို အကြမ်းဖျင်း သိနိုင်ပါတယ်
123 Career Test ဆိုတဲ့အတိုင်းပဲ ရိုးရိုးရှင်းရှင်း ပုံလေးတွေကိုမှ ကိုက်ညီမှု့ ရှိပါက ✅ ၊ မကိုက်ဘူးဆိုရင် ❌ လွယ်ကူရိုးရှင်းစွာ ဖြေနိုင်မှာပါ။
Test ရဲ့ ကြာချိန်ကတော့ မေးခွန်း 15 ခုကို ၁၀ မိနစ်နဲ့ အပြီး ဖြေဆိုနိုင်ပါတယ်။
5. Career Fitter
Test Link : https://www.careerfitter.com/free_test/careerbuilder
ကိုယ်ရဲ့ Personality ပေါ်မူတည်တဲ့ Quiz တွေမှာ ၁၀ မိနစ်လောက်အချိန်ပေးပြီး ဖြေပြီးပြီဆိုရင်တော့
ကိုယ်နဲ့ကိုက်ညီတဲ့ Career ကနေ တစ်လကို လစာ ဘယ်လောက်ရနိုင်မလဲ
Personality ပေါ်မူတည်ပြီး ဘယ် Career ကိုရွေးရမလဲ ၊ ဘယ် Career နဲ့ သင့်တော်မလဲ
Work Personality ပေါ်မူတည်ပြီး Strength & Weakness ဘယ်လိုရှိမလဲ
Leadership နဲ့ Management Style ဘယ်လိုရှိမလဲကိုပါ ကြည့်ရှု့နိုင်မှာ ဖြစ်ပါတယ်
ယခု Test လေးတွေကတော့ အချိန်ခနပေးရုံဖြင့် ကိုယ့် Personality , Workplace , Environment , Skills တွေနဲ့ ကိုက်ညီမည့် အလုပ်အကိုင်ကောင်းများစွာကို စစ်ကြည့်နိုင်တဲ့ Career Aptitude Test တွေဖြစ်ပါတယ်။
ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာနေပြီဆိုရင် Ammon မှ Professional Recruitment Team မှကူညီပေးသွားမှာဖြစ်ပါတယ်။
လျှောက်ထားလိုသော Position များရှိလာပါက CV ပေးပို့ပြီးသားဖြစ်မယ်ဆိုရင် အကြိမ်ကြိမ် ပေးပို့ရန်မလိုပဲ အမည် (သို့မဟုတ်) email address အား Recruitment Team သို့ ဆက်သွယ် ဖော်ပြပေးရုံဖြင့် position များအား လျှောက်ထားနိုင်ပြီဖြစ်ပါတယ် ရှင့်။ 🙌
Ammon မှ ခေါ်ယူနေသော လစာမြင့် နိုင်ငံခြား company အလုပ်အကိုင်အခွင့်အလမ်းကောင်းများ တင်တိုင်း သိရှိနိုင်ရန် Telegram , LinkedIn , Facebook Page & Group များအား Follow/Join များပြုလုပ်ထားနိုင်ပါတယ်။
🎯 Telegram >> https://t.me/ammonjobs
🎯 LinkedIn >> https://bit.ly/AmmonLinkedIn
🎯 Facebook >> www.facebook.com/AmmonGlobalJobMM/
🎯Instagram >> www.instagram.com/ammonconsulting/
🎯 Myanmar International Jobs Group >> https://bit.ly/MyanmarInternationalJobs
CV ပေးပို့လျှောက်ထားရန် 👇👇 myatthwekhaing@ammonglobal.com , nanhtike@ammonglobal.com
အလုပ်လျှောက်ထားရာတွင် အခက်အခဲ တစ်စုံတစ်ရာ ရှိပါက Page Message Box
☎️ 09 267815268
☎️ 09 449611667 သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
#AmmonCosultingMM #AmmonGlobalMM
#RecruitmentAgency #jobopportunities